top of page

ဖက်ဆစ်စစ်တပ်

  • Writer: Revolution 4.0
    Revolution 4.0
  • Feb 17, 2021
  • 1 min read


ကျွန်တော်တို့ဟာ မြန်မာစစ်တပ်ကို ဘာလို့ဖက်ဆစ်စစ်တပ်လို့ခေါ်လဲဆိုတာ သုံးသပ်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း 70ကျော်လောက်က မြန်မာ့တပ်မတော်မွေးဖွားရာ ရဲဘော်သုံးကျိပ်ခေတ်ကိုပြန်လည်စဉ်းစားဖို့လိုတယ်။ တစ်နည်းအားဖြင့်မြန်မာ့တပ်မတော်မွေးဖွားလာတာဟာ သန္ဓေမကောင်းခဲ့ဘူးဆိုရမယ်။ ဒါပေမဲ့ ‌မွေးဖွာလာရခြင်းရဲ့ရည်ရွယ်ချက်‌ကတော့ကောင်းခဲ့တယ်။


မြန်မာ့တပ်မတော်ရဲ့စတင်တည်ထောင်သူဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဟာ ပထမအစကတော့ တရုတ်ပြည်ထဲမှာကွန်မြူနစ်တွေနဲ့ချိတ်‌ဆက်ပြီး စစ်ပညာသင်မလို့ ပြည်ပကိုထွက်လာခဲ့တာဖြစ်တယ်။ ဒါပေမဲ့အဲ့ဒီအချိန် တရုတ်ပြည်တွင်းမှာလည်း မော်စီတုန်းရဲ့ကွန်မြူနစ်ပါတီက ဂျပန်နဲ့တစ်လှည့် ချန်ရှေကိတ်အစိုးရနဲ့တစ်လှည့် တစ်လှည့်စီစစ်တိုက်နေရတော့ ရဲဘော်သုံးကျိပ်နဲ့အဆက်အသွယ်မရခဲ့ဘူး။ သိူ့သော် မထင်မှတ်ပဲ ဘန်ကောက်မှာရှိနေတဲ့ ဂျပန်စစ်ဗိုလ်ချုပ်နဲ့‌ချိတ်ဆက်မိပြီး ဂျပန်နိုင်ငံရောက်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ဂျပန်နိုင်ငံရဲ့စစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ဖြစ်တယ်။ အဂ်လန်တို့ မေရိကန်တို့လို ဒီမိုကရေစီဝါဒလွှမ်းမိုးတဲ့စစ်တပ်မဟုတ်ဘူး။ ဆိုဗီယက်ယူနီယမ်တို့လို ကွန်မြူနစ်အယူအဆတွေလွှမ်းမိုးတဲ့စစ်တပ်မျိုးလည်းမဟုတ်ဘူး။ ဖက်ဆစ်အယူအဆတွေ ဖက်ဆစ်စည်းကမ်းတွေသာလွှမ်းမိုးတဲ့ဂျပန်စစ်တပ်မျိုးဆီကအမွှေဆိုးတွေကို စစ်တပ်ရဲ့စင်တင်တည်ထောင်သူတွေဖြစ်တဲ့ ရဲဘော်သုံးကျိပ်ကပဲလက်ဆင့်ကမ်းရယူခဲ့ရတယ်။ တစ်နည်းအားဖြင့် "အေးရင်ဆောင်ခြုံ ပူရင်မီးလှုံ" ဆိုတဲ့အယူအဆ‌တွေ၊ "ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်"ဆိုတဲ့ အာဏာရှင်အယူအဆမျိုးတွေဟာ ဖက်ဆစ်အယူဝါဒရဲ့အမြူအတေတွေဖြစ်တယ်။ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် ရာထူးကြီးသူက ရာထူးငယ်သူကို နှိပ်စက်ညှဉ်းပန်းတာတွေ။ အမိန့်ပေးလိုက်ရင် ပြန်လည်ဆင်ခြေတတ်ခွင့်မရှိတာတွေ။ စစ်တပ်အနေနဲ့ဥပဒေကိုလေးစားရမှန်း နားမလည်တာတွေ။ အထက်လူကြီးအကြိုက်ရအောင် လက်အောက်ငယ်သားတွေက လူကြီးအကြိုက်လိုက်လုပ်ပြတာတွေ (ဥပမာ အထက်က ဒီရွာနားလေးကိုလုံခြုံရေးယူလိုက်ကွာဆိုတာကို လက်အောက်ငယ်သားတွေကလူကြီးကြိုက်အောင် တစ်ရွာလုံးကို မီးရှို့သတ်ပြီး မုဒိမ်းကျင့်လိုက်တာမျိုး)။ ဒါတွေဟာ မြန်မာ့စစ်တပ်ရဲ့လက်ဦးဆရာတွေဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေဆီက‌နေရခဲ့တဲ့ ဖက်ဆစ်ဆန်တဲ့အမွေဆိုးတွေဖြစ်တယ်။


ဒီမိုကရေစီစစ်တပ်‌တွေဟာ ဥပဒေကိုလေးစားလိုက်နာရတယ်၊ ပြည်သူရွေးချယ်တဲ့အစိုးရကိုလေးစားရတယ်။ ဒါပေမဲ့ ဥပဒေထက် အမိန့်ကိုသာဦးစားပေးအသုံးပြုတတ်တဲ့ဖက်ဆစ်ဂျပန်ဆီက သန္ဓေတည်လာခဲ့တဲ့မြန်မာ့စစ်တပ်ဟာ အခုချိန်ထိ ဥပဒေကိုလေးစားရမှန်းနားမလည်ဘူး။ ပြည်သူရွေးချယ်တဲ့အစိုးရကိုလေးစားရမယ်မှန်းလည်း နားမလည်ဘူး။ အနီးစပ်ဆုံးအနေနဲ့ အိန္ဒိယစစ်တပ်နဲ့ယှဉ်ကြည့်လိုက်ပါ။ အိန္ဒိယပြည်ကြီးဟာ နယ်‌မြေကလည်းကျယ်၀န်းသလို ပြသာနာတွေကလည်းအများကြီး။ အိန္ဒိယပြည်ကြီးဟာ ‌ဆင်းရဲ‌မွဲတေခြင်းချောက်၊ နိုင်ငံရေးအာဏာလုပွဲချောက်၊ အကျင့်ပျက်ခြစားမှုချောက် စတဲ့ချောက်ကြီးတွေထဲကိုအကြိမ်ကြိမ်အခါခါဆင်းသက်ခဲ့ရတယ်။ အဆိုးဆုံးအနေနဲ့အိန္ဒိယပြည်ကြီးဟာ နှစ်ခြမ်းကွဲခဲ့ပြီး ပါကစ္စတန်ဆိုတာဖြစ်လာတယ်။ ဒါပေမဲ့ တိုင်းပြည်ဟာဘယ်လောက်အခြေအနေဆိုးနဲ့ပဲကြုံကြုံ "တိုင်းပြည်ချောက်ထဲကျခါနီးမို့လို့ အရေးပေါ်ကယ်တင်လိုက်ရပါတယ်ဆိုပြီး" အိန္ဒိယစစ်တပ်ကတစ်ခါမှအာဏာမသိမ်းဖူးဘူး။ ဘာလို့ဆို အိန္ဒိယစစ်တပ်ကိုထူထောင်ပေးခဲ့တာက ဗြိတိသျှတွေဖြစ်နေလို့ပဲ။ တရားဥပဒေကိုလေးစားလိုက်နာရမယ်၊ လူကြီးလူကောင်းဆန်ရမယ်ဆိုတဲ့အကျင့်ကောင်းတွေကို ဗြိတိသျှတွေဆီကလက်ခံရရှိခဲ့တဲ့ အိန္ဒယစစ်တပ်ဟာ မြန်မာပြည်မှာလို ဗိုလ်အောင်ဒင်ပြန်လာပါပြီဆိုပြီး တိုင်းပြည်အာဏာကိုမုဒိန်းကျင့်လုယူမနေခဲ့ဘူး။ မြန်မာပြည်က ဖက်ဆက်စစ်တပ်ကတော့ တိုင်းပြည်အာဏာကို အကြိမ်ကြိမ်မုဒိန်းကျင့်ဆဲ။


နောက်ပြီး လူတွေမှားယွင်းနေတာက စစ်တပ်ဟာတပ်ထဲမှာအချင်းချင်းသွေးကွဲလိမ့်မယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်မှာတော့ဒါမျိုးဖြစ်နိုင်ချေ ၁%ပဲရှိပါတယ်။ စစ်တပ်ဆိုတဲ့ institutionသဘာ၀က အမိန့်နဲ့စည်းကမ်းကို အသားပေးပြီးအုပ်ချုပ်ရတာဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့လက်ဦးဆရာဟာ ဖက်ဆစ်ဖြစ်တာကြောင့် အလွန်ကောင်းမွန်တဲ့ အမိန့်နာခံမှုစနစ်ကိုသင်ယူခဲ့ရတယ်။ ဒါကြောင့်လည်း ယခုအချိန်ထိ အာဆီယံဒေသတွင်းမှာ မြန်မာစစ်တပ်ရဲ့ အမိန့်နာခံမှုစွမ်းရည်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေတယ်။ တပ်ထဲမှာ ကိစ္စတစ်ခုကိုပြီးမြောက်ဖို့အတွက် မှန်တာ မှားတာကိုအခြေခံပြီး စဉ်းစားလုပ်ဆောင်တာမဟုတ်ဘူး။ အမိန့်နာခံရမယ် ကျေပွန်ရမယ်ဆိုတဲ့ အခြေခံအချက်ပေါ်မူတည်ပြီး လုပ်ဆောင်ရတာဖြစ်တယ်။ အမိန့်ဖောက်ဖျက်တဲ့လူဟာ မှန်တာပဲလုပ်လုပ် မှားတာပဲလုပ်လုပ် သစ္စာဖောက်ဖြစ်တယ်လို့ institutionဆိုင်ရာအရ brainwashလုပ်ခံထားရတယ်။။ ဒါဟာ ဖက်ဆစ်ဂျပန်တွေဆီကရခဲ့တဲ့ အမွေဆိုးတွေ။


ဒီအချက်တွေကိုထောက်ရှုပြီးတော့ မြန်မာစစ်တပ်ရဲ့လက်ဦးဆရာဟာ ဖက်ဆစ်ဖြစ်တာကြောင့်၊ အခုချိန်ထိတိုင်အောင် ဖက်ဆစ်အကျင့်ဆိုးတွေကို လက်နက်တစ်ခုလိုသုံးနေတဲ့ မြန်မာစစ်တပ်ကို ဖက်ဆစ်စစ်တပ်လို့ခေါ်ဆိုတာဖြစ်တယ်။


credit for photo

Comentários


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page