top of page

ပျောက်ဆုံးနေသော အင်တာနေရှင်နယ်

  • Writer: Revolution 4.0
    Revolution 4.0
  • Feb 14, 2021
  • 1 min read


ဟိုနိုင်ငံကစစ်တပ် ဒီနိုင်ငံကစစ်တပ်ဆိုတာမျိုးတွေကိုမျှော်နေတာမျိုးဟာ လုံး၀(လုံး၀)ဖြစ်နိုင်ချေမရှိပါဘူး။ နားမလည်တဲ့လူတွေကို မနှိမ်ကြနဲ့၊ နားလည်သလောက်ရှင်းပြပါ။ အီရန်တွေ၊ အီရတ်တွေ၊ ဆီးရီးယားတွေ၊ အာဖဂ္ဂန်တစ္စတန်အကြောင်းတွေပြောရင် "ပထဝီနိုင်ငံရေး" အကြောင်းပါရှင်းပြလိုက်ပါ။

နောက်များမကြာမှီ UNကိုယ်စားလှယ်တွေ တိုင်းပြည်ထဲ၀င်လိုက်ထွက်လိုက် လုပ်လာပါလိမ့်မယ်။ အကြောင်းကတော့ မြန်မာ့အရေးကိုသူတို့စိတ်ပူတယ် စိတ်ပူတယ်ဆိုတာကိုလာပြောတာပါ။ ၈၈တုန်းကလည်း ဒီလိုပါပဲ။ နှစ်ပေါင်း ၂၀လောက် ၀င်လိုက်ထွက်လိုက်နဲ့ စိတ်ပူတယ် စိတ်ပူတယ်ပြောခဲ့တာပါပဲ။ ခုချိန်မှာ UNကိုယ်စားလှယ်မကလို့ ကုလသမဂ္ဂဥက္ကဌရဲ့အဖေပဲလာလာ အဓိကအာရုံစိုက်ရမှာက CDMနဲ့လူငယ်အင်အားပါပဲ။


ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတွေ့ရတဲ့ပိုစ့်တစ်ခုမှာ တရုတ်ကိုအကျပ်ရိုက်စေချင်ရင် ‌ဟောင်ကောင်နဲ့ထိုင်၀မ်ကို ဆူပူကိုအောင်လုပ်ရမည်လို့ ရေးသားထားတာတွေ့ရတယ်။ အဲ့ဒီ အိုင်ဒီယာကို ကျွန်တော်လည်းတော်တော်သဘောကျပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိရောက်နိုင်ခြေ၊ ဘယ်လောက်ဖြစ်နိုင်ချေရှိလဲဆိုတာကိုတော့ ကိုယ်လည်း စောက်ဆရာကြီးမဟုတ်သလို၊ဘာစောက်ပညာမှလည်းမရှိတဲ့အတွက်ကြောင့် တိတိကျကျမပြောနိုင်ပါဘူး။ သို့သော် UNတပ်တွေ၊ မေရိကန်တပ်တွေကို မျှော်နေတာထက် ပိုပြီးဖြစ်နိုင်ချေရှိတဲ့နည်းလမ်းပါ။ နောက်ပြီး DVBကတင်တဲ့ သတင်းဆောင်းပါးတစ်ခုမှာ မြန်မာပြည်စစ်အာဏာသိမ်းတာနဲ့ပတ်သတ်လို့ အာဆီယံနိုင်ငံတွေရယ်၊ တရုတ်၊ ရှရှားတို့ရဲ့ အရင့်အရင်ကသဘောထားရပ်တည်ချက်တွေကို ဖော်ပြထားတာကို ဖတ်လိုက်ရတယ်။ တရုတ်နဲ့ရှရှားကတော့ ဗီတိုအာဏာနဲ့ မြန်မာစစ်အုပ်စုကိုအမြဲတမ်း အကာအကွယ်ပေးခဲ့ပြီး၊ အာဆီယံအုပ်စုကတော့ သူများပြည်တွင်းရေးကို၀င်ရောက်မစွက်ဘူးဆိုတဲ့မူကိုလက်ကိုင်ထားပြီး စစ်အုပ်စုကိုအကာအကွယ်ပေးခဲ့တယ်။


ဒါပေမဲ့ အရင်တုန်းက သူများပြည်တွင်းရေးကို၀င်ရောက်မစွက်ဖက်ပါဘူးဆိုတဲ့ အာဆီယံနိုင်ငံတွေနဲ့ စစ်အာဏာရှင်တွေကို ကျောထောက်နောက်ခံပေးနေတဲ့ နိုင်ငံတွေရဲ့ အမြင်ကိုပြောင်းလဲပစ်ဖို့လိုပါတယ်။ အာဆီယံဒေသမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှုဟာ အာဆီယံဒေသတွင်းတည်ငြိမ်မှုကိုပျက်ပြားစေနိုင်တယ်ဆိုတာကို တစ်ကမ္ဘာလုံးသိသွားအောင် သတိပေးရပါမယ်။ အခုဆိုရင် ထိုင်းကဆန္ဒပြပွဲတွေက အရှိန်ပြန်မြှင့်မယ့်သဘောကိုဆောင်နေပါတယ်။ ‌ထိုင်းနိုင်ငံသားတွေနဲ့ အတူရှိကြောင်း၊ သူတို့ဘက်ကရပ်တည်ကြောင်း internetကိုအသုံးပြုပြီး ဖြန့်ဝေရပါမယ်။ မြန်မာပြည်ကိုဒုက္ခပေးချင်တိုင်းပေးလာတဲ့ တရုတ်ပြည်ရဲ့နှာသီးဖျားကိုခပ်စပ်စပ်လေးရိုက်ချင်ဖို့ဆိုရင်လည်း ဟောင်ကောင်ကလူတွေကိုအားကိုးရပါမယ်။ အဆစ်အနေနဲ့ ထိုင်၀မ်ရယ်၊ တိုင်ပေရယ်ကိုပါ ဖြန့်ဖြူးပေးရပါမယ်။ ထူးဆန်းတာက ရှရှားမှာလည်း ပြီးခဲ့တဲ့အပတ်တွေက ပူတင်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေလည်းဖြစ်ပေါ်နေပါတယ်။ သူတို့ဆန္ဒပြပွဲတွေကိုလည်း ပိုပြီးအရှိန်မြင့်လာအောင် နည်းပညာနဲ့မြှောက်ထိုးပင့်ကော်လုပ်ပေးရပါမယ်။ အာဆီယံထဲမှာလည်း အုံပုန်းပုန်းပြီး အာဏာရှင်တွေကိုမကျေနပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်လည်းရှိပါသေးတယ်။ အဓိကက အာဆီယံဒေသတွင်းနဲ့ တရုတ်၊ရှရှားပြည်တွင်းရေးတွေကို နည်းပညာအကူအညီနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လှုံဆော်နိုင်ရမယ်။ အဲ့ဒီနည်းနဲ့ဆို အာဆီယံဒေတွေတော်တော်များများမှာ တော်လှန်ရေးမီးပွားတွေ တဖွားဖွားတောက်နေပါလိမ့်မယ်။ အာဏာရှင်တွေဟာ သူ့မကယ်နိုင် ကိုယ့်မကယ်နိုင်တွေဖြစ်ပြီး တစ်ဖြည်းဖြည်းအင်အားချိနဲ့လာပါလိမ့်မယ်။ အဲ့ဒီနည်းနဲ့ဆို မအလနောက်က အောက်ဆီဂျင်ကြိုးတွေကိုပါ တစ်ကြိုးချင်းဆွဲဖြုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။


ကမ္ဘာပေါ်မှာ အဖိနှ်ိပ်ခံလူတန်းစားတွေအတွက် လက်ဝဲသမားတွေဖွဲ့စည်းခဲ့တဲ့ "International"ဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။သဘောက တစ်ကမ္ဘာလုံးမှာရှိတဲ့ အဖိနှိပ်ခံအားလုံးဟာ အချင်းချင်းရိုင်းပင်းကူညီပြီး ဂုတ်သွေးစုတ်လူတန်းစားကိုတော်လှန်ဖို့ပါ။ အခုလည်း အာဏာရှင်တွေကို တော်လှန်ချင်တဲ့ လူငယ်တွေစုပြီး နိုင်ငံတကာကွန်ယက်တွေနဲ့ Internationalဆန်ဆန်အဖွဲ့အစည်းသဘောမျိုးလုပ်ဆောင့်ပါတယ်။ အာဆီယံဒေသနဲ့ တရုတ်ပြည်ကအာဏာရှင်တွေကို အိုလံပစ်မီးကူးပေးသလို တော်လှန်ရေးမီးကိုလည်းကူးပေးသင့်ပါတယ်။ ဒါမှသာ အာဏာရှင်တွေအချင်းချင်း ကူးလူးဆက်သွယ်ထားတဲ့ ပိုက်လိုင်းသဖွယ် အာဏာရှင်ကွန်ယက်ကို ဖြတ်တောက်ပစ်နိုင်မှာပါ။ ဒီနည်းဟာ UNတပ်တွေ၀င်မယ်ဆိုတာထက် ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ ကျွန်တော့်အမြင်အရထင်ပါတယ်။


မှတ်ချက် ဘာပညာရှင်မှလည်းမဟုတ်သလို၊ ဘာစောက်စရာကြီးမှလည်း မဟုတ်တဲ့အတွက် ဒီနည်းလမ်းဟာ ၉၈%မှားနိုင်ပါတယ်။ ဒီစာဟာ စိတ်ကူးစိတ်သန်းကို စကားလုံးတွေအဖြစ်ပြောင်းလဲထားတဲ့ စာတစ်ပုဒ်ပါ။ "ဟာ ဖြစ်နိုင်ချေမရှိပါဘူးကွာ၊ စောက်တစ်လွဲပါလို့"ထင်နေပါက စာရေးသူမိမိအား စစ်ဖိနပ်အောက်မှာနေတာကြာလို့ ဂေါက်ကြောင် ကြောင်တယ်လို့ မှတ်ကြကုန်။


credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page