စောက်ဦးနှောက်ရှိဖို့အချိန်တန်ပြီ
- Revolution 4.0
- Feb 4, 2021
- 1 min read

ကိုယ့်ကိုကိုယ်သိလှပြီတတ်လှပြီထင်မနေနဲ့။
စစ်အာဏာရှင်တွေကခင်ဗျားတို့ထက် စောက်ဦးနှောက်အများကြီးရှိလို့ တိုင်းပြည်အာဏာကိုသိမ်းထားပြီး နိုဘယ်ဆုရှင်ကိုအချုပ်ချထားတာ နားလည်ပါ။
အခုအချိန်မှာ လမ်းပေါ်မှာရောက်နေတဲ့သူတိုင်းကို စစ်တပ်အယောင်ဆောင်ထင်မနေပါနဲ့
မနေ့ညကအသစ်တပ်လာတဲ့ ကိုမင်းကိုနိုင်ရဲ့ videoဖိုင်ကို ထပ်ခါထပ်ခါကြည့်ပါ။ တစ်ခေါက်နားမလည်ရင် နှစ်ခေါက်ကြည့်၊ နှစ်ခေါက်နားမလည်ရင် သုံးခေါက်ကြည့်၊ သုံးခေါက်မှနားမလည်ရင်တော့ profileကအနီရောင်ကိုချိန်းပြီး မအလပုံပြောင်းတင်လိုက်ပါ ။
ကိုမင်းကိုနိုင်ပြောတာအရှင်းကြီး သာမန်ပြည်သူတွေက အိမ်တွင်းဆန္ဒပြတာကိုဆက်လုပ်ရမှာဖြစ်ပြီး တတ်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက သူ့နည်းသူဟန်နဲ့အတူ လှုပ်ရှားကြလိမ့်မယ်တဲ့။
ကျွန်တော်တို့က အဲ့ဒီလိုလှုပ်ရှားသူတွေကိုထောက်ခံဖို့ ၀န်းရံဖို့လိုပါတယ်။ တိုင်းပြည်ဆူပူတယ် ဘာညာစောက်ပြစ်ပြောနေလို့မရဘူး။ အခုချိန်မှာ တစ်ယောက်တစ်ပေါက်စောက်ပြစ်ထိုင်ပြောနေလို့မရဘူး။
72နာရီဆိုတာဂျင်းပါလို့ အာဏာစသိမ်းတဲ့နေ့ကတည်းကပြောလာတာ စောက်ပါးစပ်တွေလည်းညောင်းနေပြီ
ကိုယ့်ကိုကိုယ်စောက်တတ်ကြီးတွေထင်နေတဲ့လူတွေကိုယ်တိုင် စစ်လော်ဘီတွေရဲ့ရည်ရွယ်ချက်ရှိရှိသွေးခွဲခံရတာကို ခုထက်ထိနားမလည်ကြသေးဘူး။
civil disobedienceဆိုတာ ရေရှည်တိုက်ပွဲ ရေတိုတိုက်ပွဲမဟုတ်ဘူး။ ခင်ဗျားတို့အလုပ်ဘယ်လောက်ကြာကြာထိမဆင်းပဲနေနိုင်မလဲ။ တစ်ပတ်လား၊ နှစ်ပတ်လား၊ သုံးပတ်လား။ အနောက်ကမိသားစုကို အလုပ်မရှိရင် ဘာနဲ့ထမင်းကြွေးမှာလဲ။ တစ်ပတ်လောက် CDလုပ်လိုက်ရုံနဲ့ အာဏာရှင်တွေက မင်းတို့စောက်ရမ်းကြမ်းတယ်ကွာ ငါနိုင်ငံတော်အာဏာကို ဒေါ်စုကိုပြန်လွှဲလိုက်ပါတော့မယ်လို့ထင်နေလား။ အဲ့လိုထင်နေရင် အခုကတည်းက မအလပုံကြိုပြောင်းထားလိုက်။ နောက်ပိုင်း CDလုပ်တဲ့လူတွေကို ခြိမ်းခြောက်တာဆွေ အကျပ်ကိုင်တာတွေလာတော့မယ်။
လိုင်းပေါ်မှာထိုင် Tweetနေရုံနဲ့ ဘယ်စစ်တပ်မှ မြန်မာပြည်လာပြီး စွမ်းအားရှင်၀င်လုပ်နေမှာမဟုတ်ဘူး။ တိုင်းရင်းသားသားဒေသမှာ စစ်တပ်နှိပ်စက်လို့ဒေသခံပြည်သူတွေခံစားနေရတုန်းက ခင်ဗျားတို့ဘာလုပ်ပေးခဲ့လဲ။ အော် ကိုယ်ချင်းစာလိုက်တာ သနားလိုက်တာဆိုပြီးတော့ပဲ ပြီးသွားတာမလား။ အခုလည်းနိုင်ငံတစ်ကာကအဲ့လိုပဲ သနားရုံအပြင် စာနာရုံအပြင်ဘာမှမလုပ်ပေးနိုင်ဘူး။ သူတို့ရဲ့နိုင်ငံရဲ့မျိုးဆက်တွေက တစ်ခြားနိုင်ငံတစ်ခုကို အသက်ပေးကာကွယ်ရလောက်အောင် ဒုတိယကမ္ဘာစစ်ရောက်နေတာမဟုတ်သလို အားယားနေတာလည်းမဟုတ်ဘူး
အခုကစပြီး စောက်လုံးတွေဖွင့်လိုက်ကြပါ။ ဦးနှောက်တွေကိုသုံးပါ။ သတိရှိသင့်တာကိုရှိပါ။ ကြောက်သင့်တာကိုကြောက်ပါ။ မကြောက်သင့်တာကိုမကြောက်ပါနဲ့။
ကိုမင်းကိုနိုင်ပြောသလို သာမန်ပြည်သူတွေက CDကိုဆက်လုပ်ပါ။ ကျန်တဲ့အဖွဲ့အစည်းတွေက သူ့နည်းသူဟန်နဲ့အတူလှုပ်ရှားကြပါလိမ့်မယ်။ အဲ့ဒါကို စောက်ဦးနှောက်မရှိစွာ အယောင်ဆောင်ဘာညာပြောတာ တော်ကြပါတော့။ တစ်ကယ့် ကိုယ့်လူစစ်စစ်တွေကို မ၀န်းရံမိတာ၊ မကာကွယ်ပေးမိရင် တပ်ဦးအချိုးခံလိုက်ရပါလိမ့်မယ်။ အရေးအကြောင်းရောက်မှ တစ်ကယ်တတ်ကြွလှုပ်ရှားသူတွေက ထောင်ထဲပြည့်နေပြီး ပြည်သူတွေဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခွေးနေရာမရ ဖြစ်နေလိမ့်မယ်။
အခုစာကို လမ်းပေါ်ထွက်ခိုင်းတာထင်ရင် စောက်ဦးနှောက်ရှိကြဖို့အထူးမေတ္တာရပ်ခံပါစေ။ မိတ်ဆွေနီနေတာဟာ နီပေါအပြင် ဘာမှဖြစ်လာစရာမရှိပါဘူး။
Comments