top of page

မြန်မာစစ်တပ်နဲ့ တိုင်ရင်းသားတပ်တွေရဲ့ အင်အားအခြေအနေ

  • Writer: Revolution 4.0
    Revolution 4.0
  • Mar 6, 2021
  • 2 min read


မြန်မာစစ်တပ်မှာ စုစုပေါင်း တပ်မ၁၂ခုရှိတယ်။ တပ်မ ၉၉၊ ၇၇၊ ၂၂စသဖြင့်။ တပ်မတစ်ခုချင်းစီအောက်မှာ ခြေမြန်တပ်ရင်း(ခမရ)တွေ၊ ခြေလျင်တပ်ရင်း(ခလရ)တွေရှိတယ်။ စစ်တပ်ရဲ့ တပ်အင်အားဟာ ခန့်မှန်းခြေ လေးသိန်းကျော်၀န်းကျင် ရှိတယ်လို့ပြောတယ်။ အဲ့ဒီ လေးသိန်းကျော်ထဲမှာ တစ်ကယ်တိုက်နိုင်ခိုက်နိုင်တဲ့ အင်အားက တစ်သိန်းခွဲကျော်‌လောက်ပဲကျန်တယ်။ ကျန်တဲ့လူအင်အားက အရန်တပ်ရင်းတွေ။ တိုက်နိုင်ခိုက်နိုင်တဲ့ လူအင်အားတစ်သိန်းခွဲကျော်ထဲမှာမှ အသက် ၃၀နဲ့အထက်က ၅၀%ကျော်လောက်ရှိတယ်။ ပြောရမယ်ဆိုရင် လူငယ်အင်အားကသိပ်မရှိဘူး။ လူငယ်တွေသိပ်မရှိတဲ့အတွက် လူငယ်တစ်‌ယောက်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးမရှိဘူး၊ လူငယ်တွေမှာပဲတွေ့ရတတ်တဲ့ စစ်သွေးကြွမှုမျိုမရှိဘူး။ နောက်ပြီး စစ်တပ်ဟာ တပ်ရင်းတစ်ရင်းမှာရှိရမယ့် လူအင်အားထက် သုံးလေးဆလောက် လျော့နေတယ်။ ဒီတော့ တပ်ရင်းတစ်ရင်း တစ်ကယ်လုပ်ဆောင်နိုင်တဲ့ စစ်ရေးစွမ်းဆောင်ရေမျိုး မရှိပဲ၊ တပ်စုတစ်စု တပ်စိတ်တစ်စိတ် လုပ်ဆောင်နိုင်တဲ့အနေအထားမျိုးပဲရှိတယ်။ အဲ့ဒါဟာ ဘယ်မှာသွားသိသာသလဲဆိုရင် ပြီးခဲ့တဲ့ ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ AAနဲ့တိုက်ပွဲတွေမှာတွေ့ရတယ်။ စစ်တပ်ဟာ ရခိုင်ပြည်ထဲကို တပ်မ သုံးခုလောက်ပို့ပြီးတော့တောင် AAကိုတိုက်ရတယ်။ နောက်ပြီး တပ်ပိုင်းဆိုင်ရာစုဖွဲ့မှုနဲ့ လိုအပ်လာတဲ့အခါ တပ်တွေကို လျှင်လျှင်မြန်မြန်ရွေ့ပြောင်းနိုင်တဲ့စွမ်းအားမှာလည်း မြန်မာစစ်တပ်ဟာ သာမန်အဆင့်မှာပဲရှိတယ်။


လက်နက်ခဲယမ်းပစ္စည်းနဲ့ပတ်သတ်ရင်တော့ ၈၈မတိုင်ခင်တုန်းက ၈၁မော်တာကျည်ကိုတောင် နိုင်ငံခြားကနေ မှာနေရတဲ့ စစ်တပ်က အခုတော့ ၁၂၀မော်တာသီးတွေထိ ကိုယ်တိုင်ထုတ်လုပ်လာနိုင်တယ်။ နောက်ပြီး လက်နက်ကြီးဗုံးတွေဖြစ်တဲ့ လေယာဉ်ပေါ်ကနေကြဲချတဲ့ ဟောင်၀စ်စာရှဲလို့ခေါ်တဲ့ ဗုံးသီးတွေကိုတောင် စစ်လက်နက်စက်ရုံကနေထုတ်လုပ်နိုင်နေပြီ။ ဒါကြောင့် စစ်တပ်ဟာ လက်နက်ခဲယမ်းထုတ်လုပ်မှုမှာ အဆင့်အတန်းတစ်ခုထိရှိတယ်လို့ပြောလို့ရတယ်။

နောက်ပြီးရေတပ်အင်အားမှာပြန်ကြည့်ရင် စစ်တပ်က တစ်ခြားနိုင်ငံတွေလိုမဟုတ်ပဲ ကိုယ့်ပြည်တွင်းထုတ် ရေယာဉ်တွေ၊ တိုက်သဘော်တွေကိုသာ အသုံးပြုတယ်။ ပြီးခဲ့တဲ့နှစ်ကမှ အိန္ဒိယဆီကနေ ရှရှားလုပ် တစ်ပတ်ရစ် ကီလိုကလပ် အမျိုးအစားဖြစ်တဲ့ ရေငုပ်သဘော်တစ်စင်း၀ယ်လိုက်တယ်။ အဲ့ဒီရေငုပ်သဘော်အမျိုးအစားဟာ စစ်အေးခေတ်ကာလတုန်းတ ရှရှားရဲ့ရေပိုင်နက်မှာ အမဲလိုက်မုဆိုးလို့တောင် တင်စားရတဲ့အထိ လက်စွမ်းပြခဲ့ပါတယ်။ ဒါကြောင့် ရေတပ်ဟာ တိုက်ခိုက်ရေးစွမ်းရည် ပြည့် မပြည့်ဆိုတာ တစ်ကယ်တိုက်ပွဲဖြစ်လာမှပဲသိမယ်။

လေတပ်မှာတော့ စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် တော်တော်လေးနောက်ကျနေတယ်။ အကုန်လုံးနီးပါးက ရှရှားထုတ်လေယာဉ်တွေပါ။ ဝေဟင်မှာ သူရဲကောင်းလုပ်နေတာဆိုလို့ Mi-35အမျိုးအစား ဟယ်ရီကော်ပတာပဲရှိတယ်။ အဓိကအားဖြင့် ရခိုင်ပြည်တိုက်ပွဲမှာ အများဆုံးတွေ့ရတဲ့ တိုက်ခိုက်ရေးလေယာဉ်။ သူရဲ့ထူးခြားချက်က ညဘက်တိုက်ပွဲတွေကိုဆင်နွှဲနိုင်ပြီးတော့ စက်သေနတ်ကြီးကျည်နဲ့ 7.62mmကျည်တွေကိုခံနိုင်ရည်ရှိတယ်။ ဒါပေမဲ့ Su-30လို့ခေါ်တဲ့ ရှရှားထုတ်တိုက်ခိုက်ရေး လေယာဉ်တွေကိုလည်း ပိုင်ဆိုင်ထားတယ်လို့သိရတယ်။ Su-30က ကမ္ဘာ့အဆင့်မှာ အလယ်အလတ်တန်းစားထဲ၀င်တဲ့ လေယာဉ်တစ်မျိုးဖြစ်ပြီး ရေဒါဖျက်ဒုံးကျည် ၆လုံး၊ ဝေဟင်ပစ် ဒုံးကျည်၆လုံး၊ စက်သေနတ် ၁လက်နဲ့၊ OFAB-250 ဗုံးအမျိုးအစား ၂၈လုံးထိသယ်ဆောင်နိုင်လို့ စွမ်းအားပြည့်မှီတဲ့ လေသူရဲလို့ပြောလို့ရတယ်။ ဒါပေမဲ့ လေတပ်‌အနေနဲ့ တိုက်ပွဲမှာထုတ်သုံးတာမျိုးမတွေ့ရသေးဘူး။


‌မြေမြင်တင့်ကားတွေဘက်ကကြည့်ရင် တိုက်ခိုက်ရေးတင့်ကားတွေရှိသလို၊ သံချပ်ကာတင့်ကားနဲ့ သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ်တွေလည်းရှိတယ်။ နောက်ပြီး ရှရှားနဲ့မြောက်ကိုရီးယားကထုတ်တဲ့ တာတိုပစ် အတွဲလိုက်ဒုံးကျည်စနစ်ကို တင်ဆောင်တဲ့ကားတွေလည်းရှိတယ်။ စစ်ရေးပြပွဲမှာတော့ တစ်ခါထုတ်ပြဖူးပါတယ်။ တစ်မိနစ်ကို အတွဲလိုက်ဒုံးကျည် 120အထိပစ်ခတ်နိုင်စွမ်းရှိတယ်။ ‌မြေပြင်တိုက်ပွဲမှာတော့ ထုတ်သုံးဖူးခဲ့ခြင်းမရှိပါ။ သမာရိုးကျ တိုက်ပွဲတွေမှာ မြေပြင်က ခြေလျင်တပ်တွေရဲ့ တိုက်ခိုက်‌ရေးစွမ်းရည်က အဓိကကျပါတယ်။ လက်နက်ကြီးအမြှောက်တွေနဲ့ လေတပ်ဆိုတာ ခြေလျင်တပ်တွေကို ကူညီပေးတဲ့အဆင့်မှာပဲရှိတယ်။ မြန်မာပြည်မှာ လေတပ်နဲ့ကြည်းတပ် ပူပေါင်းစစ်ဆင်ရေးစလုပ်ခဲ့တာ လောက်ကိုင်တိုက်ပွဲမှာပါ။ အဲ့ဒီတိုက်ပွဲမှာ လေတပ်ရဲ့စွမ်းဆောင်ရည်ကြောင့် လောက်ကိုင်မှာ စစ်တပ်က တစ်ဗန်းသာခဲ့တယ်။ ဒါပေမဲ့ ရခိုင်ပြည်မြောက်ပိုင်းမှာ AAနဲ့တိုက်တဲ့အခါ လေတပ်နဲ့ထောက်ပံ့ရေး လေယာဉ်တွေက စွမ်းဆောင်ရည်လျော့လာတယ်။ ဝေဟင်က ပစ်ချပေးတဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်းမီးကျောက်တွေက စစ်တပ်စီမရောက်ပဲ AAဆီပဲရောက်ကုန်တယ်။ ပြောချင်တာက လေထဲကနေ စောက်တစ်လွဲနေရာတွေချပစ်ပေးတာပေါ့။


တိုင်းရင်းသားတွေဘက်ကစစ်ရေးအင်အားကိုကြည့်ရင် တစ်ဖွဲ့ချင်းစီတွက်ရင်တော့ လူအင်အားနည်းတယ်ထင်ရပေမယ့် လက်နက်ကိုင်တပ်အားလုံးပေါင်းလိုက်ရင် တစ်သိန်းကျော်ကျော်လောက်ရှိပါတယ်။ အဲ့ဒီထဲမှာ အင်အားအများဆုံးက မြောက်ပိုင်းမဟာမိတ်အဖွဲ့ပါ။ ပါ၀င်တဲ့အဖွဲ့တွေက UWSA၊ KIA၊ AA၊ TNLA၊ NDAA။ UWSA(၀ပြည်သွေးစည်းညီညွတ်ရေးတပ်)ကတော့ အင်အား ၃၀၀၀၀ကျော်နဲ့ဖွဲ့စည်းထားတဲ့ တပ်မ ၄ခုရှိတယ်။ မိုင်းမောဘက်က တပ်မတစ်ခုဆိုရင် ဟိုပန်၊ပန်လုံဘက်က ဗမာစစ်တပ်နဲ့ အသင့်အနေထားမှာဆိုင်ထားတာ။ အရန်တပ်တွေကို မော်ဖာဧရိယာဘက်မှာ အင်အားအလုံးအရင်းချထားတယ်။ နောက်ပြီး လက်နက်ခဲယမ်း စက်ရုံလည်းရှိသလို၊ အမြှောက်တပ်၊ ကင်းတပ်၊ ဆက်သွယ်ရေးတပ်တွေရှိတဲ့အပြင် ဗိုလ်လောင်းသင်တန်းကျောင်းပါရှိပါတယ်။ ထူးခြားချက်အနေနဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်မှာမှ မရှိတဲ့ ပုခုံထမ်းလေယာဉ်ဖျက်အမြှောက်တွေဖြစ်တဲ့ F-26ကိုပိုင်ဆိုင်ထားတယ်။ ဗမာစစ်တပ်ကပိုင်တဲ့ Mi-35ကို ပစ်ချနိုင်စွမ်းရှိတယ်လို့တစ်ချို့ကျ‌ပြောကျပါတယ်။ ပြောမယ်ဆိုရင် ၀တပ်ဟာ သူတစ်ယောက်တည်းနဲ့ခု ဗမာစစ်တပ်ကို ခုခံနိုင်တဲ့ အင်အားတစုံတစ်ရာရှိတဲ့အပြင် မြန်မာပြည်လက်နက်ကိုင်အဖွဲ့ထဲ အင်အားအများဆုံးအစုအဖွဲ့ပါ။


KIAကတော့ အင်အား ၁၂၀၀၀ရှိသလို လက်နက်စက်ရုံရော၊ ဗိုလ်လောင်းသင်တန်းကျောင်းရော ရှိပါတယ်။ TNLAက အင်အား ၆၅၀၀၊ NDAAကလည်း အင်အား ၃၅၀၀လောက်ရှိပါတယ်။ AAကတော့ အင်အား ၃၅၀၀လောက်ရှိတယ်။ ဒါပေမဲ့ စစ်တပ်အနေနဲ့ AAရဲ့အခြေစိုက်စစ်ဌာနချုပ်တွေကို ခုထက်ထိ ထောက်လှမ်းလို့မရသေးပါဘူး။ အများစုသုံးသပ်ထားတာကတော့ AAရဲ့ဌာနချုပ်ဟာ စစ်တကောင်းမြစ် အနောက်ဘက် မေယုတောင်တန်းပေါ်မှာတည်ရှိနေနိုင်ပြီး မြန်မာ-ဘဂ်လားဒ့်ရှ် နယ်စပ်စည်းမျဉ်းကို ဖင်ခွထိုင်ထားတယ်လို့ ဆိုပါတယ်။ အခုအနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာဆင်နွှဲနေတဲ့ ပျောက်ကြားခုခံစစ်ပွဲတွေမှာ AAဟာ တော်တော်လက်ဇောင်းထက်တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာ မြန်မာပြည်မှာ အင်အားအများဆုံးဖြစ်ပြီး တပ်အားလုံးစုစုပေါင်း အင်အား ၆၇၀၀၀ ၀န်းကျင်လို့ခန့်မှန်းကြပါတယ်။


ဒီဘက်အခြမ်းမှာ ဘယ်သူတွေကျန်နေမလဲဆို KNU၊ DKBA၊ RCSS ၊SSP ၊KNPP၊ NMSP ၊PNLO ၊MNDAAတို့ပါ။ KNUက တပ်မဟာ ၆ခုလောက်ရှိမယ်လို့ခန့်မှန်းရပြီး အင်အား၈၀၀၀နီးပါးလောက်ရှိပါတယ်။ KNUတပ်တွေထဲမှာ တပ်မဟာ(၅)ကတော့ ဖာပွန်၊ကမမောင်းဘက်မှာ တပ်စွဲထားပြီး တော်တော်လေးတိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ တပ်မတစ်ခုဖြစ်တယ်။ DKBAက KNUကနေခွဲထွက်လာတဲ့ အဖွဲ့ဖြစ်ပြီး အင်အား ၁၅၀၀ကျော်ပဲရှိပါတယ်။ RCSSကတော့ ရှမ်းပြည်တောင်ပိုင်းတပ်ဖြစ်ပြီး အင်အား ၈၀၀၀ကျော်၊ SSPPကတော့ ရှမ်းပြည်မြောက်ပိုင်းတပ်ဖြစ်ပြီး သူလည်း အင်အား ၈၀၀၀ကျော်ပါပဲ။ KNPP (ကရင်နီလွတ်မြောက်ရေးတပ်) အင်အား ၆၀၀ကျော်၊ NMSP(မွန်ပြည်သစ်ပါတီ)က အမြဲတမ်းအင်အား ၈၀၀ကျော်သာရှိပေမယ့် အရန်အင်အားက ၂၀၀၀ကျော်ရှိတယ်။ PNLOကတော့ အင်အား ၄၀၀၊ MNDAAအဖွဲ့ကတော့ ဖုန်းကြားရှင်ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပြီးတော့ တပ်အင်အား ၃၅၀၀ရှိပြီး အခြေပြုရာစစ်ဌာနချုပ်ကတော့ လောက်ကိုင်ဖြစ်တယ်။


နောက်ထပ်မြန်မာပြည်မှာ ထူးခြားတပ်တာက စစ်တပ်ရဲ့အမိန့်ကိုနာခံတဲ့ လက်ကိုင်တုတ် တပ်ဖွဲ့တွေလည်းရှိပါတယ်။ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသား အချင်းချင်းကို ပြန်ပြီးရန်တိုက်ပေးတာ။ အဲ့အဖွဲ့တွေက ပြည်သူ့စစ်အဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲတွေဖြစ်တယ်။ ၂၀၀၈ခြေဥထဲမှာတော့ လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲသည် ကာကွယ်ရေးစီးဦးချုပ်ဖြစ်တယ်လို့ပြဌာန်းထားတယ်။ ဒါကြောင့် ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ဟာ စစ်တပ်ရဲ့အမိန့်ကိုနာခံပြီး ပေါင်းစားနေတဲ့ စစ်တပ်ရဲ့လက်ပါးစေတပ်မျှသာဖြစ်တယ်။ ပြည်သူ့စစ်မှာဆိုရင် နှစ်မျိုးထပ်ကွဲပါတယ်။ ဌာနေပြည်သူ့စစ်နဲ့ တို့ဖြစ်တယ်။ ဥပမာ - ၀မ့်ပန်ပြည်သူ့စစ်တို့၊ ကောင်းခါးပြည်သူ့စစ်တို့။ နယ်ခြားစောင့်တပ်ဆိုရင် ကော့ကရိတ် အာရှလမ်းမကြီးဘက်မှာ တပ်စွဲထားတဲ့ BGFဖြစ်တယ်။


ဒါကြောင့် မြန်မာပြည်မှာလက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေအလွန်များသလို၊ စစ်ရေးအရလည်းရှုပ်ထွေးတယ်။ ဗမာစစ်တပ်နဲ့တိုင်းရင်းသားတပ်တွေမတည့်သလို၊ တိုင်းရင်းသားတပ်တွေအချင်းချင်းလည်းမတည့်ကြဘူး။ ပြည်သူ့စစ်နဲ့တိုင်းရင်းသားတွေလည်း တိုက်ပွဲတွေအများအပြား။ RCSSနဲ့ SSAတိုက်ပွဲဖြစ်သလို၊ NMSPနဲ့ KNUကြားမှာလည်း တိုက်ပွဲရှိတယ်။ TNLAနဲ့ ပြည်သူ့စစ်ကြားမှာကလည်း တိုက်ပွဲတွေမနည်းမနော။မြန်မာစစ်တပ်အနေနဲ့ကလည်း ပြည်တွင်းစစ်ကာလမှာ တောက်လျှောက်တိုက်ခိုက်ခဲ့ရတော့ သူ့မှာစစ်ရေးကြွယ်၀မှုရှိနေတယ်။စီစီ၀မ် တာပန်တိုက်ပွဲတို့၊ မဲသဝေါတိုက်ပွဲတို့၊ ကွမ်လုံရက်၄၀တို့၊ အောင်သပြေကုန်းတိုက်ပွဲတွေဟာ စစ်တပ်ရဲ့စွမ်းဆောင်ရည်ကို ထင်ဟပ်စေတဲ့တိုက်ပွဲတွေဆိုရင်လည်း မမှားဘူး။ စစ်တပ်ဟာ တိုက်ခိုက်ရေးစွမ်းရည်မှာ အာဆီယံမှာဆို အဆင့် ၃၊ ကမ္ဘာမှာ အဆင့် ၃၀ကျော်လောက်ရှိတယ်။ တိုင်းရင်းသားတွေဘက်က အားသာချက်ကတော့ ပျောက်ကြားစစ်ကိုပိုင်နိုင်တယ်၊ နယ်မြေကျွမ်းကျင်မှုပြည့်၀တယ်။ ဒါကြောင့်ပြည်တွင်းစစ် တစ်ကျော့ပြန်လာရင်တော့ တော်တော်လေးကို ဆုံးရှုံးမှုများမယ့်သဘောမှာရှိနေတယ်။


ဒါက မြန်မာပြည်ရဲ့သမာရိုးကျစစ်ပွဲအကြောင်းပါ။ Modern warလို့ခေါ်တဲ့ ခေတ်သစ်စစ်ပွဲကဘယ်လိုလဲသိချင်ရင်တော့ အဇာဘိုင်ကျန်နဲ့အာမေးနီးယားတို့ချတဲ့ နာကိုလိုကာရာပတ်တိုက်ပွဲကိုကြည့်ပါ။ ခြေလျင်တပ်သားသိပ်မသုံးပဲ ဒရုန်းတွေ၊ တာလတ်ပစ် မစ်ဇိုင်းဒုံးတွေ၊ ဒုံးဖျက်စနစ်တွေ၊ ဒရုန်းဖျက်ဝေဟင်ပစ်ဆင်တွေကိုတွေ့ပါလိမ့်မယ်။ ခြေလျင်တပ်သားတွေမသုံးတော့ သိပ်မသေဘူးထင်ရပေမယ့်၊ ဒရုန်းတစ်ဆင်းက စခန်းထဲ၀င်စီးမိပြီဆိုရင် ဘန်ကာထဲနေအပြင်ထွက်ချိန်တောင်မရပါဘူး။ အကုန်သေကုန်သေပါတယ်။ ထိခိုက်မှုလည်း တော်တော်များပါတယ်။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page