ခြေပြတ်၊လက်ပြတ် ဖက်ဆစ်တပ်
- Revolution 4.0
- Mar 1, 2021
- 1 min read

ရခိုင်မှာ AAကို စစ်တပ်ကဘာလို့ဖျင်ပြဲအောင်တိုက်ရလဲသိလား။ စစ်ထောက်လှမ်းရေးက စောက်သုံးမကျလို့။ စစ်တပ်ဟာ လက်နက်အပြည့်အစုံရှိပြီး တစ်ဖက်ရန်သူရဲ့သတင်းကိုထောက်လှမ်းလို့မရရင် ခြေတွေလက်တွေပြတ်နေတဲ့လူတစ်ယောက်လိုပဲ။ ရဲစခန်းကို ဗုံး၀င်ကြဲတာတောင်မသိ၊ မြောက်ဦးမြို့လို မြို့လယ်ကောင်ကြီးမှာ စစ်တပ်ကယာဉ်တန်းကို ရီမုဒ်မိုင်းဆွဲတာတောင်မသိဘူးဆိုတော့ စောက်သုံးမကျတဲ့ စစ်ထောက်လှမ်းရေးအကြောင်း နားလည်လောက်ရောပေါ့။ AAက စစ်တပ်ကိုဒီလောက်ထိတောင့်ခံနိုင်တာ AAတော်လွန်းလို့မဟုတ်ဘူး။ ရခိုင်သူ၊ရခိုင်သားတွေ တော်လွန်းလို့၊သတ္တိရှိလွန်းလို့။ နောက်ဆုံးတော့ စစ်တပ်က ရခိုင်ပြည်မှာ သံချပ်ကာတင့်ကားတွေမပါရင် မြို့ပေါ်မတတ်ရဲသလောက်ကိုဖြစ်နေတာ။ နေရာတိုင်းကသူတို့အတွက်ရန်သူပဲ။ AAဘယ်နားမှာရှိလဲသူတို့မသိဘူး။ သူတို့ကိုပစ်ပြီးရင်လည်း ဘယ်မှာ၀င်ပုန်းသွားမှန်းလည်းမသိဘူး။ ဘာသတင်းမှတိတိကျကျမရတဲ့စစ်တပ်ဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ သေနတ်သာရှိပြီး ပစ်လို့မရတဲ့ခြေပြတ်လက်ပြတ်စစ်တပ်ဖြစ်နေတယ်။ နောက်ဆုံးကျတော့လည်း ဖက်ဆစ် စစ်တပ်ရဲ့ထုံးစံအတိုင်း ရွာသားတွေကို မဲတော့တာပဲ။ ရွာထဲမ၀င်ခင် လက်နက်ကြီးကျည်တွေနဲ့ရွာထဲအရင်ပစ်။ သေတဲ့လူတွေကသေ၊ ထွက်ပြေးတဲ့လူတွေကပြေး။ ဒါ့အပြင် ရွာလုံးကျွတ်မီးရှို့တာတွေကလည်းနေရာအနှံ့ပဲ။ အဲ့လိုအသားကုန်ရက်စက်ယုတ်မာပြီးတော့မှပဲ တပ်စွဲရဲတော့တယ်။
အခုရန်ကုန်မှာလည်း စစ်မြေပြင်လိုထင်တိုင်းကြဲနေတဲ့စစ်တပ်ကို လက်နက်အပြည့်အစုံရှိတာတောင် ဘယ်ပစ်လို့ပစ်ရမှန်းမသိတဲ့ ခြေပြတ်လက်ပြတ်စစ်တပ်ဖြစ်အောင် လုပ်ပစ်ဖို့လိုတယ်။ အဲ့လိုလုပ်မယ်ဆိုရင် အရင်ဆုံး စစ်တပ်ရဲ့ဒလန်ကောင်တွေကို ရှင်းပစ်ရမယ်။ အဓိကကတော့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ ထွေအုပ်တွေ၊ အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်ထဲမှာမနေနိုင်အောင်မောင်းထုတ်ပစ်ရမယ်။ နောက်ဆုံး စစ်တန်းလျားကလွဲရင်၊ သူ့ပထွေးတွေရဲ့အစောင့်အရှောက်မပါပဲ ဘယ်ရပ်ကွက်မှာမှ မနေရဲတော့အောင်ကို လုပ်ပေးရမယ်။ ဆန္ဒပြလမ်းကြောင်းတွေကို အရပ်၀တ်နဲ့သတင်းပေးနေတဲ့ကောင်တွေ၊ ဆန္ဒပြပွဲထဲသူလျှို၀င်လုပ်နေတဲ့ကောင်တွေကို လူအင်အားနဲ့အမိအရဖမ်းဆီးပြီး တစ်နေရာရာမှာ သော့ခတ်ထိန်းသိမ်းထားရမယ်။ ညနေမှ ပြန်လွှတ်ပေးလိုက်တာမျိုး၊ သိသာထင်ရှားတဲ့ အမှတ်အသားလုပ်ပေးလိုက်တာမျိုးတွေ လိုတယ်။
အခုမြို့ပေါ်ကိုရောက်နေတဲ့ တိုက်ခိုက်ရေးတပ်မတွေက ရန်ကုန်တောင်ရောက်ဖူးကြတဲ့ကောင်တွေမဟုတ်ဘူး။ ဒီကောင်တွေနဲ့အတူပါလာတဲ့ ရဲဆိုတာကလည်း စောက်ပေါတွေ။ အဓိကက ဒီကောင်တွေကိုသတင်းပေးလမ်းပြလုပ်နေတာ စစ်ကောင်စီရဲ့လက်ကိုင်တုတ်ဖြစ်တဲ့ ဒလန်တွေ၊ ပဉ္ဓမံတပ်သားတွေ။ ဒီကောင်တွေကိုသာ ကိုယ်တွေဘက်က ကောင်းကောင်းရှင်းထုတ်နိုင်ရင်၊ ဘယ်စုရပ်တို့၊ဘယ်နားမှာလူအင်အားများနေတယ်တို့၊ ဘယ်လမ်းတွေကပိတ်ပြီးဖမ်းမယ်ဆိုတာ အတိုင်းအတာတစ်ခုထိလျော့ကြသွားလိမ့်မယ်။ ဒါကြောင့်ပွဲမစခင်ကတည်းက ဒီသတင်းပေးတွေကို ကိုယ်တွေဘက်ကအရင်ဖမ်းမိပြီး ထိန်းသိမ်းထားနိုင်ဖို့လိုတယ်။ နောက်ပြီး ရဲနဲ့စစ်တပ်ဟာ အမိန့်နဲ့အလုပ်လုပ်ရတာမို့လို့ အဲ့တာဟာ သူတို့ရဲ့အားသာချက်ဖြစ်သလို၊ အားနည်းချက်လည်းဖြစ်တယ်။ ဥပမာ အထက်က - မင်းတို့ရှေ့က ကိုက်သုံးရာအတွင်းရှင်းထားလိုက်စမ်းကွာဆိုရင်၊ ဒီကောင်တွေ ကိုက်သုံးရာကျော်အပြင်ဘက်ကလူတွေကို လိုက်ဖမ်းဖို့မလွယ်ဘူး။ အဲ့ဒီအချိန်ကိုယ်တွေက ကိုက်ငါးရာကျော်လောက်လည်း ပြေးပြီးနေတာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ဒီကောင်တွေမှာ သတင်းပေးမပါရင် သူတို့လည်းလုပ်နိုင်စွမ်းအားတွေလျော့ကျသွားလိမ့်မယ်။ ဒီနေ့ဆန္ဒပြပွဲတွေကြည့်ရင် ဆန္ဒပြတဲ့လူတွေရဲ့ အခြေအနေ၊ လူအင်အား၊ ပုန်းခိုနိုင်မယ့်နေရာတွေကို ကောင်းကောင်းသိနေတယ်။ ဒါ့အပြင် တစ်မြို့နဲ့တစ်မြို့ကို တပ်တွေ၊ ရဲတပ်ရင်းတွေ ရွေ့တာကလည်း အရမ်းမြန်နေတယ်။ အဲ့ဒါဆို ဒီကောင်တွေမှာ သတင်းပေးစနစ်တစ်ခု ကောင်းကောင်းရှိနေပြီလို့ပြောနိုင်တယ်။ ဒါကြောင့် ကိုယ်တွေဘက်က ဒီကောင်တွေရဲ့သတင်းရင်းမြစ်ကိုဖြတ်တောက်ပစ်ရမယ်။ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်အောင်လုပ်ရမယ်။ စစ်တပ်ဟာ ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးမရှိတဲ့အချိန်ကတည်းကစလို့ သတင်းရယူမှုအားနည်းလွန်းတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒီတော်လှန်ရေးကြီးမှာ အတိုင်းအတာတစ်ခုထိလူတွေဟာ အချိတ်အဆက်မိနေကြပါပြီ။ လူတွေက မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေကိုဘယ်ကိုကိုင်တွယ်ရမလဲတစ်ဖြည်းဖြည်းနားလည်ကြပြီ။ ဒီနေ့ကိုယ်တွေဘက်က ဖရိုဖရဲနိုင်သွားရတာက သူတို့ဘက်ကနေ ဘူဒိုဇာတွေရယ်၊ အင်အားအလုံးအရင်းသုံးမှုရယ်၊ နောက်ပြီး တပ်တွေကိုရွှေ့ပြောင်းတဲ့အခါ စစ်ကား၊ရဲကားတွေမသုံးပဲ အရပ်သုံးကားတွေနဲ့ရွေ့ပြောင်းမှုတွေကြောင့် သတိလက်လွတ်ဖြစ်သွားတာပါ။ သို့သော်လည်း အခုဆိုရင် အိမ်တိုင်း အိမ်တိုင်း ရပ်ကွက်တိုင်း၊ရပ်ကွက်တိုင်းဟာ တော်လှန်ရေးရဲ့ သပိတ်စခန်းတွေ၊ နောက်တန်းစခန်းတွေဖြစ်ကုန်ပါပြီ။ တစ်ခုခါပဲ ကျန်ပ်တော့တယ်။ အဲ့တာက ဦးနှောက်သုံးတတ်ဖို့ပဲ။ ဘယ်နေရာတွေကပြေးပေါက်၊ ဘယ်နေရာတွေကဘယ်လိုခုခံနေလဲဆိုတာကို onlineပေါ်လျှောက်လျှောက်မဖွဖို့ပဲ။ မနေ့က Myanmar plazaကိုအမွှန်းတင်တော့၊ ဒီနေ့ပိတ်လိုက်ရ။ မနေ့က စမ်းချောင်းဘာညာကျေးဇူးတင်တာတွေ ပလူပျံတော့၊ ဒီနေ့စမ်းချောင်းကလူတွေ အိမ်အပြင်ကိုခေါင်းတောင်မထွက်ရဲဘူး။ ဒီနေ့ဘယ်လောက်ထိလဲဆို အိမ်နောက်ဖေး မြောင်းကြားတွေထဲက ပြေးနေတဲ့လူတွေကိုတောင် fbပေါ်မှာတင်ပြီး မည်သို့မည်ပုံဘာညာဆိုပြီးလျှောက်ရေးကြတယ်။ စေတနာဆိုတာနားလည်တယ်။ သူများကို ဒုက္ခရောက်စေချင်တဲ့စိတ်ရှိမရှိဘူးဆိုတာ နားလည်ပေမယ့်လည်း ညဏ်နဲ့မယှဉ်ရင် အဲ့စေတနာဟာ သုံးစားလို့မရပါဘူး။ စေတနာဟာ ဝေဒနာဖြစ်တယ်။ ထိုင်နေရင်အကောင်း ထသွားမှအကျိုးဆိုတာမျိုးပဲ။ ဒါကြောင့် အထူအပါးနားလည်ခြင်းဖြင့် ကုသိုလ်ယူကြပြီး၊ တစ်ဖက်လူရဲ့အင်အားမှအပ မိမိတို့ရဲ့ထွက်ပေါက်၊စုရပ်၊လူအင်အားများကို သက်ဆိုင်ရာ secret channelတွေဆီကနေသာ မျှဝေဖို့ကြိုးစားသင့်ပါတယ်။
ဒါကြောင့် ကိုယ်တွေဘက်ကနေလည်း ဆင်ခြင်စရာရှိတာတွေ ဆင်ခြင်ရမှာဖြစ်သလို၊ စစ်ကောင်စီရဲ့ ပဉ္စမံတပ်သားတွေကိုလည်း ဖျက်ဆီးပစ်ပြီး၊ လက်နက်အပြည့်အစုံနဲ့စစ်တပ်ကို ခြေပြတ်၊လက်ပြတ်စစ်တပ်အဖြစ်ပြောင်းလဲသွားအောင်လုပ်ရပါမယ်။ ဒါတွေမဖြစ်ခင်တုန်းက လူထုဟာ စစ်ကောင်စီကိုအနိုင်ယူပါ့မလားလို့ ကျွန်တော်အနေနဲ့ သံသယရှိခဲ့ပါတယ်။ ဒါပေမဲ့ မနေ့ကအပြင်ထွက်ပြီး၊ ဒီနေ့လမ်းပေါ်ကအခြေအနေတွေကို သုံးသပ်လိုက်တော့ ကျွန်တော်တို့ဟာ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ရှိလာပြီး၊ အောင်ပွဲနဲ့လည်း နီးကပ်လာပြီလို့ ခံစားရပါတယ်။ မနက်ဖြန်ဆိုတဲ့ နေ့ရက်တစ်ရက်တိုင်းဟာ စစ်ကောင်စီဆိုတဲ့ သူပုန်အဖွဲ့တွေကျဆုံးဖို့အတွက် တစ်ရက်နီးကပ်လာတာဖြစ်ပြီး၊ ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့ အောင်ပွဲ၀င်ဖို့ တစ်ရက်ပိုပြီးနီးစပ်လာတာပါ။
credit for photo
תגובות