နပိုလီယံလား ၀ယ်လင်တန်လား
- Revolution 4.0
- Mar 9, 2021
- 1 min read

သမိုင်းမှာနာမည်ကြီးခဲ့တဲ့ဝါတာလူးစစ်ပွဲဆိုတာ တစ်ကယ့်ကိုလျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့နပိုလီယန်နဲ့ ဗိုလ်ချုပ်ပေါက်စ၀ယ်လန်တန်တို့တိုက်ရတဲ့ပွဲ။ မနက်ဖြန်စစ်ဖြစ်တော့မယ် ညသန်းခေါင်ကျော်တဲ့အထိ ၀ယ်လန်တန်ကအရက်သောက်နေတယ်။ စစ်ပွဲအတွက်သိပ်ပြီးထူးထူးခြားခြားမလုပ်ထားတော့ သူ့လက်ထောက်တွေကမေးတယ်၊ မနက်ဖြန်စစ်ပွဲကိုဘယ်လိုတိုက်ကြမှာလဲတဲ့။ အဲ့ဒီအချိန်မှာဝယ်လန်တန်ကပြန်ဖြေတယ်။ "မနက်ဖြန်အတွက်စစ်ပွဲရဲ့ပုံသဏ္ဍန်ကိုဖော်မှာ နပိုလီယန်ကွ၊ ငါကဘာမှဆုံးဖြတ်လို့မရဘူး နပိုလီယန်ရဲ့ခြေမြောက်လက်မြောက်ကိုကြည့်ပြီး ငါတို့တိုက်ရမှာပဲ"လို့ပြောတယ်။ ဒါပေမဲ့ အဲ့ဒီစစ်ပွဲမှာ နပိုလီယန်ရှုံးပါတယ်။ ၀ယ်လန်တန်နိုင်တယ်။ အဲ့ဒီအတိုင်းပဲ တစ်ကယ့်လက်တွေ့ဘ၀မှာလည်း တစ်ချို့သောကိစ္စတွေက ၀ယ်လန်တန်လိုလုပ်ရကိုင်ရမယ့်ကိစ္စတွေရှိပါတယ်။ ခက်တာက လူတိုင်းက ကိုယ့်ကိုကိုယ်နပိုလီယန်ထင်နေတာပဲ။
ကွန်မြူနစ်တွေအမြဲ ပြောတတ်တဲ့စကားတစ်ခွန်းရှိပါတယ် - "တိုက်ပွဲပုံသဏ္ဍန်ကို ရန်သူကဖော်ဆောင်တယ်"
ကျွန်တော်တို့က နပိုလီယံလား ၀ယ်လင်တန်လားဆိုတာ စဉ်စားစရာပါ။ ကျွန်တော်လည်း ခုချိန်ထိအဖြေမထွက်နိုင်ပါ။
credit for photo
Comments