ပြည်ထောင်စု
- Revolution 4.0
- Oct 24, 2020
- 1 min read
Updated: Aug 3, 2021

“ကောင်းကင်ယံပေါ်က လေယာဉ်ဗုံးသံတွေကြောင့် နိုင်ငံတော်အလံအောက်မှာ ငါတို့အသက်တွေလောင်းကြေးထပ်ခဲ့ရတယ်..........”
I always pray for our union's peace. Please Stop Civil War
ကောင်းကင်ယံပေါ်က လေယာဉ်ဗုံးသံတွေကြောင့်
နိုင်ငံတော်အလံအောက်မှာ ငါတို့အသက်တွေလောင်းကြေးထပ်ခဲ့ရတယ်။
နိုင်ငံတော်သီချင်းထဲမှာပါတဲ့ ငါ"တို့မြေ"ကိုကာကွယ်ဖို့အတွက်
မြင့်မြတ်တဲ့ငါတို့သွေးတွေနဲ့ အချုပ်ခြာအာဏာပိုင်မြေပေါ်မှာ ငါတို့ကိုယ်တိုင် ပက်ဖျန်းပေးခဲ့ကြရတယ်။
ငါတို့ယုံကြည့်တဲ့ပြည်ထောင်စုအတွက်
အာဏာရှင်ခြေရင်းမှာ အညတရဆန်စွာ ငါတို့အသက်တွေပေးလှူခဲ့ကြရတယ်။
အခုလည်း ငါမျှော်လင့်ထားတဲ့ငြိမ်းချမ်းရေးအတွက် ချစ်ခြင်းမေတ္တာတွေ ကိုယ်ချင်းစာတရားတွေဟာ
ဘယ်တော့များမှ ငါတို့နှာခေါင်းပေါက်ဆီလွင့်မျောလာလိမ့်မလဲလို့ စိတ်ကူးယဥ်ကြည့်နေမိတယ်။
သေနတ်ကိုင်ခဲ့ရတဲ့ ငါရဲ့လူသတ်လက်တစ်စုံဟာကြမ်းတမ်းခက်ထန်လှတာကြောင့်
နူးညံ့သိမ်မွေ့လွန်းလှတဲ့ မိခင်ငြိမ်းချမ်းရေးကို
ငါထွေးပွေ့ချင်လှပြီ......................။
Comments