top of page

လစ်ဘရယ်မီးတိုင်

  • Writer: Revolution 4.0
    Revolution 4.0
  • Dec 28, 2020
  • 1 min read


ဟိုချီမင်းက မေရိကန်စစ်ဗိုလ်ကြီးဂျိုးဇက်ရှာမင်းကို‌မေးဖူးတယ် ခင်ဗျားတို့မေရိကန်ရဲ့လေဘာတီရုပ်တုလက်ထဲက လစ်ဘရယ်မီးရှုးမီးတိုင်ဟာ လူတွေအားလုံးဆီကိုအလင်းရောင်ညီတူညီမျှရောက်ရဲ့လားတဲ့

ညက AGTမှာ အိမ်ခြေရာမဲ့တွေနဲ့ဖွဲ့ထားတဲ့ choirတစ်ဖွဲ့ကလာပြိုင်တာကြည့်မိတယ်။ သူတို့ထဲကတစ်၀က်လောက်က မွေးကတည်းကနေ အသက်၇၀ကျော်လောက်ထိ အိမ်ခြေယာမဲ့တွေ အဓိပ္ပာယ်ကတော့ အိမ်ခြေယာမဲ့အဖြစ်မွေးလာပြီး အိမ်ခြေယာမဲ့အဖြစ်ပဲသေသွားကြတာပေါ့ ။ဒီလိုကြားမိတော့ ကိုယ်တောင်‌အံ့ဩသွားတာ ဒီလိုချမ်းသာပြီးပညာတတ်နိုင်ငံမျိုးတွေဟာ ဒီလိုကိစ္စမျိုးတွေရှိသေးရဲ့လားဆိုပြီး။ ဆရာကျော်၀င်းကလည်းပြောဖူးပါတယ် မေရိကန်အီလစ်တွေကို ကမ်းခြေနေအီလစ်လို့လည်းခေါ်တယ်တဲ့ ဘာလို့ဆိုအီလစ်တွေအများစုက မိုင်ယာမီကမ်းခြေမှာနေကြတာကိုး။ ကမ်းခြေနေအီလစ်တွေက မေရိကန်ရဲ့ချမ်းသာမှု၉၀%လောက်ကိုပိုင်ဆိုင်ထားတာ ဒါပေမဲ့အဲ့ဒီ၉၀%‌ချမ်းသာမှုကိုပိုင်ဆိုင်ထားတဲ့ကမ်းခြေနေအီလစ်တွေက မေရိကန်လူဦးရေရဲ့ ၁%တောင်မရှိဘူး။ ဒီတော့မေရိကန်ရဲ့ redistributionဟာ ရေရှည်မှာမေးခွန်းထုတ်စရာဖြစ်လာနိုင်တယ်။ လူမျိုးရေးအသွင်ကနေနိုင်ငံရေးအသွင်ပြောင်းလာပါစေပဲဆုတောင်းတယ် တစ်ကယ်တော့မေရိကန်ရဲ့နိုင်ငံရေးစနစ်ဟာ အောက်ခြေမှာလှိုက်စားလာနေပြီ။ အပြောကောင်းတဲ့လူ ချမ်းသာတဲ့လူတွေသာ နိုင်ငံရေးလုပ်နိုင်တဲ့အနေအထားဖြစ်နေကြပြီ။မေရိကန်ရဲ့ပိုက်ဆံတွေကို ဆီရီးယားတို့ အာဖဂန်တို့ တောင်တရုတ်ပင်လယ်အရေးတို့မှာ ဖောဖောသီသီသုံးနေမယ့်အစား နိုင်ငံတွင်းကိုပြန်လည်စီးဆင်းဖို့က အဓိကကျတဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်။ Great Americanဆိုတဲ့စကားလုံးဟာ မေရိကန်ပြည်သူတွေပါးစပ်ကနေထွက်တဲ့စကားလုံးအဖြစ်ကနေ တစ်ကမ္ဘာလုံးပါးစပ်ကသုံးနှုန်းတဲ့စကားလုံးဖြစ်ဖို့ ဘယ်အရာတွေကများ ဆောင်ကျဉ်းလာပါမလိမ့်။ ဟိုချီမင်းမေးခွန်းထုတ်ခဲ့သလိုပေါ့ လေဘာတီရုပ်ထုလက်ထဲက လစ်ဘရယ်အလင်းရောင်ဟာ မေရိကန်ပြည်သူတွေအားလုံးစီ ညီတူညီမျှရောက်နိုင်ရဲ့လား......။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page