ရွေးကောက်ပွဲကာလ
- Revolution 4.0
- Dec 28, 2020
- 1 min read

ရွေးကောက်ပွဲကာလဆိုတာ ပြည်သူ့အတွက်ပြည်သူ့အတွက်လို့အော်ပြီး တစ်ဖက်နဲ့တစ်ဖက် အာဏာခွက်စောင်းခုတ်ပြီး နိုင်ငံရေးစရဏအားနည်းနေတဲ့အချိန်ဖြစ်နေတဲ့အပြင်၊ တာဝေးမပြေးချင်ပဲ ဖြတ်လမ်းကနေလိုက်ချင်တဲ့နိုင်ငံရေးအချောင်သမားတွေရဲ့ ဒေါသတွေ အာဏာတွေပွက်ပွက်ဆူပူလောင်နေတဲ့ကာလမျိုးမှာ လူတွေဟာအတော်ကိုနေထိုင်ထိုင်တတ်မှနေရာကျမယ်။ ရွေးကောက်ပွဲကာလဆိုရာ၀ယ် စေတနာတွေ မေတ္တာတွေ သစ္စာတွေ ညဏ်ပညာတွေပြိုင်ကြတာမျိုးမဟုတ်ပဲ အလိမ်အညာတွေ အဖြီးအဖြန်းတွေ ပြိုင်ကြတာဖြစ်လို့အာဏာရရေးကနေဆင်းသက်လာတဲ့ဒေါသမီးဟာ ရှင်မောဂ္ဂကလန်ကိုယ်တော်မြတ်ရဲ့ အ၀ဝီကနေယူလာခဲ့တဲ့ငရဲမီးလို တစ်စက်ကလေးထိမိရုံနဲ့ အလျံတညီးညီးတောက်လောင်ခံရမယ့်အဖြစ်မျိုး။
Comments