top of page

တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ

  • Writer: Thoth
    Thoth
  • Jun 9, 2021
  • 2 min read


မြန်မာနိုင်ငံရေး အကွဲအပြဲတွေကိုလေ့လာချင်တဲ့ လူ တွေအနေနဲ့ ဆရာသိန်းဖေမြင့်ရေးသားတဲ့ ဒီစာအုပ်လေးဟာတော်တော်အသုံးဝင်တယ်ပြောလို့ရတယ်။ အဓိကကတော့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖ ဆ.ပ.လတို့ရဲ့အကွဲအပြဲတွေ ဗိုလ်ချုပ်အောင်ဆန်းအပေါ်သဘောထားတဲ့ အဲ့ခေတ်အဲ့အခါက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားတွေကိုလည်းမြင်တွေ့နိုင်တယ်။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးမရသေးခင်အချိန်ကစလို့ လွတ်လပ်ရေးရပြီးခါစအချိန်တွေကိုပြန်ပြောမယ်ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီကို လည်းချန်ထားလို့မရဘူး။ ဒီစာအုပ်ထဲမှာဆိုရင် ဆရာသိန်းဖေမြင့်က သခင်သန်းထွန်း သခင်အောင်ဆန်း သခင်နု သခင်စိုး စတဲ့ ခေါင်းဆောင်တွေရဲ့ အမှားတွေနဲ့ အမှန်တွေကို ဝေဖန်ထောက်ပြထားတာတွေဖြစ်တယ်.... မြန်မာ့နိုင်ငံရေးဟာ မုဆိုးမလက်နှီးစုတ်လိုပဲ အကွဲအပြဲဖာရာထေးရာတွေများတဲ့ နိုင်ငံရေးမျိုးဖြစ်ခဲ့တယ်။


တစ်ယောက်ယောက်နဲ့ တစ်ယောက် ဂိုဏ်းဂဏစိတ်ပြင်းထန်ပြီး ဖောက်ပြန်ရေးသမား အချောင်သမား ဟုအချင်းချင်းစွပ်စွဲနေကြပြီး ဘုံရန်သူတွေကိုတိုက်ထုတ်ရမယ့်အစား ကိုယ့်အိမ်ထဲကကြက်နဲ့ အပြန်အလှန်ခွပ်နေကြတယ်....ဘုံရန်သူ ဘုံဦးတည်ချက်မရှိခြင်းဟာ မြန်မာနိုင်ငံရေး အကွဲအပြဲ တစ်နည်းအားဖြင့် ပြည်တွင်းမီးစစ်တောက်လောင်လာပါတော့တယ်။ အရင်တုန်းကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သတ်ပြီးသူ့အကြောင်းတွေတစ်ခါမှမဖတ်ဖူးဘူး ဘာလို့ဆို စာအုပ်တိုင်းလိုလိုက ဘုန်းတော်ဘွဲ့တွေရေးလွန်းလို့။ ဒါပေမဲ့ ဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်ရဲ့အမှားတွေ အမှန်တွေ၊နိုင်ငံရေးမိန်ခွန်းတွေကို ဖတ်မိလိုက်တဲ့အခါမှာ ဗိုလ်ချုပ်ကိုတော်တော်လေးစားမိတယ်။ နောက်ပြီး သူရဲ့အမှားတွေကိုသိခွင့်ရလိုက်တဲ့အတွက် အော်သူလည်း ငါတို့လိုလူထဲကလူပါလားဆိုပြီး နှစ်ထပ်ကွမ်း လေးစားမိတယ်။ ဒီစာအုပ်ထဲမှာဆိုရင် လူလိုလို နတ်လိုလို supermanလိုလို အထင်ခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူထဲကလူတစ်ယောက် ပြည်သူလူထုကြားထဲကပေါက်ဖွားလာတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာမြင်တွေ့နိုင်တယ်။


နောက်ပြီးဗိုလ်ချုပ်တို့နဲ့ စင်ပြိုင်ပေါ်ခဲ့တဲ့နိုင်ငံရေးသမားတွေကိုလည်း လေ့လာနိုင်တယ်။ ဥပမာအားဖြင့် သခင်စိုး။ သခင်စိုးဟာ ဗမာပြည်ကွန်မြူနစ်တည်ထောင်ဖို့အတွက် အဓိကနေရာမှာပါဝင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲတဲ့နေရာမှာလည်း အဓိကပါဝင်သူဖြစ်ခဲ့ပြန်တယ်။ သခင်စိုးဟာ အိန္ဒိယ ဆိုဗီယက် တရုတ်တို့မှ တော်လှန်ရေးတွေကို ကူးချပြီး မြန်မာပြည်မှာ အသုံးပြုဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နိုင်ငံချင်း၊လူတန်းစားချင်းမတူတာကို သတိမထားဘဲ စာအုပ်ကြီးအတိုင်း ပုံတူကူးချတဲ့ ကွန်မြူနစ်ဝါဒကို အသက်သွင်းဖို့ကြိုးစားခဲ့တယ်။ ဒါနဲ့ပဲ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ပထမဦးဆုံး ခွဲထွက်ပြီး "တိုက်ရဲတာ အလံနီကွ၊ သေရဲတာအလံနီကွ" ဆိုပြီး ပါတီထဲကနေ ပထမဆုံးခွဲထွက်ခဲ့တယ်...ဝေဖန်ချက်ထဲမှာတော့ "သခင်စိုးသည် အချောင်သမားစသော စကားကို နေရာတကာ ခဏခဏပြောနေသဖြင့် နားငြီးစရာကောင်းလာ၏။ အဓိပ္ပါယ်ကင်းမဲ့လာ၏။ "သူပုန် သူပုန် ထထ"ဟူသော ကြွေးကြော်သံသည် စစ်မဖြစ်မီက ကျောင်းသားများက စအော်ခဲ့ရာ ယခုအခါ အအော်လွန်သဖြင့် ပေါ့ပျက်ပျက် ဖြစ်ခဲ့သည်" စသဖြင့် သခင်စိုး၏ တော်လှန်ရေးများသည် ပြည်သူလူထုကြားက ပေါက်ဖွားရမယ့်အစား အတင်းလုပ်ယူနေသော တော်လှန်ရေးတစ်ရပ်ဖြစ်နေပေသည်။ နောက်ထပ် သခင်သန်းထွန်း သခင်သန်းထွန်းသည် ဗိုလ်ချုပ်နဲ့အတူ တိုးတတ်သောလူငယ်နိုင်ငံရေးသမားဟု အင်္ဂလိပ်တွေအသိအမှတ်ပြု ခံခဲ့ရတဲ့သူတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ သခင်သန်းထွန်းဟာ တွေဝေတတ်ပြီး ဆုံးဖြတ်ချက်တွေကိုပြတ်ပြတ်သားသားမချနိုင်ဘူး။ တော်လှန်ရေးလုပ်ငန်းစဉ်တွေ၊ ပါတီလုပ်ငန်းစဥ်တွေအတွင်းမှာလည်း ပြတ်ပြတ်သားသားလုပ်ဆောင်ရမည့်အစား မပြတ်မသား တွေဝေမှူတွေကြောင့် ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲခဲ့ရပြီး လူထုကိုဦးဆောင်နိုင်မည့် အခွင့်အရေးတွေကိုလည်း လက်လွှတ်ခဲ့ရတယ်။ သခင်သန်းထွန်းဟာ ပါတီတွင်းမှန်ကန်တဲ့ လမ်းစဉ်ကိုမချမှတ်နိုင်တဲ့အပြင် တော်လှန်ရေးမှာလည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲ ဆုံးဖြတ်ချက်မမှန်ကန်ခြင်းကြောင့် အစီအစဉ်မရှိပဲပြည်တွင်းစစ်ကို စခဲ့ရတယ်..


သခင်သန်းထွန်းနဲ့ ဖဆပလ တို့ အကွဲအပြဲ "အေးဆေး နေချင်သော သခင်နု ကြံတောသွားရင် အေးမယ်" ဟုလည်းကောင်း "ဗားကရာချောက်ထဲမှာ ဆိုရှယ်လစ်တွေ အရိုးတောင်လိုပုံရမယ်"ဟုလည်းကောင်း ခြိမ်းခြောက်လိုက်ပြန်ရာ ဖဆပလ အစိုးရထဲမှာ ခေါင်းမအေးသူတို့ ပိုပြီးခေါင်းမအေးဖြစ်ကုန်ကြလေသည်။ ဦးအောင် ဘယ်လိုချရပါမည်လဲဟု စဉ်းစားကြလေတော့သည်"


"ပြည်သူ့ရဲဘော်မျက်ကန်းမျိုးချစ်တွေက ဘာမှနားမလည်ပဲနှင့် ကြားဖျန်ချင်နေကြတယ်။ အေးဆေးနေချင်တဲ့ သခင်နုကို အအေးဆုံးနေရာဖြစ်တဲ့ သင်္ချ ိင်းကိုပို့ရမယ်"


ဗိုလ်ချုပ်နှင့်ပတ်သက်သောစာစုများ စာ76 သိန်းဖေမြင့်မှ အစီရင်ခံစာ "ယခုအခါဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်လွတ်လပ်ရေးအတွက်အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပေသည်။နယ်ချဲ့သမားများက အကြောက်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ယခုထိငါတို့မြန်မာပြည်တွင် သူ့လို တစ်မျိုးသားလုံး၏လေးစားခြင်းခံရသော အခြားခေါ်ဆောင်တစ်ဦးမပေါ်ခဲ့ဖူးပေ" ဗိုလ်ချုပ်သည် ဘုရင်ခံအား "ကျုပ်တောင်းတာကို အေးအေးပေးမပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မယ် မဟုတ်ဖူး၊ ထချကုန်ကြလိမ့်မယ်"


ဗိုလ်ချုပ်ဟောပြောချက် "အခုကျုပ်တို့တိုင်းပြုပြည်ပြု လွှတ်တော်မှာ ထိထိရောက်ရောက်တောင်ရွက်ခဲ့သူတွေကို လိုချင်တယ်။ အင်္ဂလိပ်နဲ့စာချုပ်ချုပ်ဆိုတဲ့အခါမှာ ကျေနပ်ရင်ကျေနပ်၊ မကျေနပ်ရင်ယခုအမတ်တွေဟာ သူပုန်အမတ်တွေဖြစ်ရမယ်။ လွှတ်တော်ကြီးလည်း သူပုန်လွှတ်တော်ကြီး ဖြစ်ရမှာပဲ။"


ဗိုလ်ချုပ်၏ ဗမာပြည်ကွန်မြူနစ်အပေါ်သဘောထား "ပြန်ပေါင်းဖို့က ပြန်ပေါင်းအောင်လုပ်ရင် ကောင်းတယ်၊ ကျုပ်ပြောလိုက်မယ်။ ပေါင်းချင်ရင် အခြားအဖွဲ့တွေကိုတော့ ကျုပ်မပေါင်းချင်ဖူး၊ အဲ့ဒီ သိန်းသန်း ကွန်မြူနစ်တော့ပေါင်းနိုင်တယ်။ သို့သော် သူတို့ကပေါင်းချင်အောင်လုပ်ပြမှ ဖြစ်မယ်။ ပါးစပ်ကပြော နောက်ကျောဓားနဲ့လှည့်ထိုးတာ မခံနိုင်ဖူး"


ဗိုလ်ချုပ်၏ကွန်မြူနစ်ပါတီအပေါ်သဘောထား "တိတိလင်းလင်း သတိပေးခဲ့မယ်။ ဗမာပြည်မှာ လူမျိုးအချင်ချင်း မကွဲဖို့၊ လူငယ်ပိုင်းဖြစ်သော လက်ဝဲသမားအချင်းချင်း မကွဲဖို့သတိပေးလိုတယ်"


ဒီစာအုပ်ထဲမှာ ကွန်မြူနစ်တွေဘာကြောင့်တောခိုရတာလဲဆိုတာရှာဖွေကြည့်တဲ့အခါ

1949 version: " ဖဆပလအစိုးရ : ကွန်မြူနစ်တို့ လက်နက်ကိုင်တောင်လှန်မည်ဆို၍ ဖဆပလတို့က ဖမ်းရပါသည်။ ကွန်မြူနစ်များ : ဖဆပလအစိုးရက ဖမ်းမည်ဆို၍ကွန်မြူနစ်တို့ လက်နက်ကိုင်တော်လှန်ရပါသည်"

2019 လိတ်တတ် version: " တပ်မတော် : တပ်မတော်က တိုင်းရင်းသားတပ်ဖွဲ့တွေ လက်နက်ချရင် ဖက်ဒရယ်ပေးမယ် တိုင်းရင်းသားများ : တပ်မတော်က ဖက်ဒရယ်ပေးမှ လက်နက်ကိုင်တပ်ဖွဲ့တွေ လက်နက်ချမယ်"



Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page