ဈာပန
- Thoth

- Jul 10, 2021
- 1 min read

ဒုက္ခတွေပင်လယ်ဝေနေတဲ့ ကျွန်တော့်အခန်းကျဉ်းလေးထဲ
ကျွန်တော်လက်ပစ်မကူးနိုင်ခဲ့ဘူး
အမှတ်တရတွေစိုရွှဲနေတဲ့ ကျွန်တော့်ခေါင်အုံးလေး
ပျော်ရွှင်ခြင်းတွေနဲ့ မပေါင်းဖက်နိုင်ခဲ့ဘူး
တသွင်သွင်စီးကျနေတဲ့ မျက်ရည်စက်တွေ
နံရံတွေပေါ်မှာ တွဲလဲခို
မျက်နှာချက်ပေါ်က သေခြင်းတရား
ကျွန်တော်ယုံကြည်တဲ့ ဘာသာတရား
အိမ်ခေါင်းရင်းက ဘုရားစင်
သစ္စာတရားကို မျက်ကွယ်ပြု
ဒုက္ခတွေပြည့်ကျပ်တဲ့ ကျွန်တော့်အခန်းလေး
မြင်မရနိုင်တဲ့ ဥတ္တရအလင်းတန်းများဆီ
ခိုလှုံစရာ ဒီအိပ်ရာ၊ ကျောချစရာ ဒီမြက်ဖျာ
ဒီဘ၀ ဒီမျှ ဒီနေရာသာ
ကြေကွဲမှုများနဲ့ ကျွန်တော့်အခန်းလေး
ငိုရှိုက်သံတွေ မုန်တိုင်းထန်ခဲ့ပြီ
မုန်းတီးမှုများနဲ့ ကျွန်တော့်အခန်းလေး
ခေတ်က မီးတင်ရှိူ့ခဲ့ကြပြီလေ
အိမ်မက်တွေက အငွေ့တလူလူ
စိတ်ကူးတွေက ပြာအဖြစ်
ကျွန်တော့်ဘ၀ ကျွန်တော့်ဈာပန.......
credit for photo







Comments