top of page

နှစ်ပေါင်း ၇၀

  • Writer: Revolution 4.0
    Revolution 4.0
  • Jun 23, 2021
  • 1 min read


တူဖြစ်သူက အိန္ဒိယမှာ သမ္မတအကြံပေးတစ်ယောက်ဖြစ်နေစဉ် ဦးလေးဖြစ်သူက မြန်မာပြည်မှာ သစ္စာဖောက်တံဆိပ်ကပ်ခံရရင်း တောထဲမှာ အသက်ပေးခဲ့ရတယ်။

အကယ်၍ ရဲဘောဂိုရှယ်သာ နှစ်ပေါင်း ၅၀ကျော်လောက်မှ နောက်ကျပြီးမွေးဖြစ်ခဲ့ရင်......။


ဗန်းမော်တင်အောင်သာ မြန်မာပြည်မှာမမွေးပဲ တစ်ခြားတိုင်းပြည်မှာသာမွေးခဲ့ရင် အင်မတန်တော်တဲ့ကျမ်းပြု ပါမောက္ခတစ်ယောက်ဖြစ်နေမှာလို့ ဆရာကြီးဒဂုန်တာရာက မှတ်ချက်ပေးဖူးတယ်။ နောက်တော့ ကိုကိုးကျွန်းနဲ့အင်းစိန်ထောင်ကို သွားချည်ပြန်ချည်လုပ်နေတဲ့ ဆရာကြီးဗန်းမော်တင်အောင်ဟာ တီဘီရောဂါနဲ့ပဲ ဆုံးပါးရှာခဲ့ရတယ်။

အကယ်၍ ဗန်းမော်တင်အောင်သာ ဒီနိုင်ငံမှာ လူလာမဖြစ်ခဲ့ရင်.......။


ဒီတိုင်းပြည်က ပြည်သူတွေဟာ ဒီတိုင်းပြည်မှာသာ မမွေးဖွားဖြစ်ခဲ့ရင်။ ဒီတိုင်းပြည်ဟာ ငရဲဘုံရဲ့၀င်ပေါက်မဖြစ်ခဲ့ရင်။ ဒီတိုင်းပြည်မှာသာ အဖိုးတန်အသက်တွေ၊ အဖိုးတန်လူ့ဦးနှောက်တွေ မှောင်ခိုဈေးကွက်မဖြစ်ခဲ့ရင်။


ဒီတိုင်းပြည်မှာသာ ငါတို့လူလာမဖြစ်ခဲ့ရင်။ ဒီတိုင်းပြည်မှာသာ ငါတို့ဘ၀တွေမရှိခဲ့ရင်။ ဒီတိုင်းပြည်မှာသာ ငါတို့အရွယ်မရောက်ခဲ့ရင်။ အကယ်၍ ဒီတိုင်းပြည်ကြီးသာ ငါမရောက်ဖူးတဲ့သီခြားကမ္ဘာငယ်တစ်ခုဖြစ်နေခဲ့ရင်

ငါသေပျော်ပါရဲ့......


ဒီတိုင်းပြည်ရဲ့အနာဂတ်ဟာ နှစ်ပေါင်း ၇၀ကျော်ကြာ ဝေဝါးနေဆဲ..........

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page