ပြန်လည်ဝေဖန်သုံးသပ်စီစစ်ချက်
- Revolution 4.0
- Dec 31, 2020
- 1 min read

ကျွန်တော်ဟာ လူချမ်းသာတွေနဲ့တွေ့တဲ့အခါ ပစ္စည်းမဲ့လူတန်းစားစိတ်အပြည့်အ၀ဖြစ်ပြီး၊ တစ်ယောက်တည်းနေတဲ့အခါ ဘူဇွာယန်ကီးစိတ်၀င်ပါတယ်။
သောက်ချိူးမပြေတဲ့ကောင်နဲ့တွေ့တဲ့အခါ အာဏာရှင်စိတ်၀င်တတ်ပြီး၊ ဆရာကောင်းသမားကောင်းနဲ့တွေ့တဲ့အခါ အီလစ်စိတ်ဓာတ်ပြန်ဖြစ်သွားပါတယ်။
လူ့အခွင့်အရေး ငြိမ်းချမ်းရေး သဘာ၀ပတ်၀န်းကျင်အရေးကျားမတန်းတူရေးတွေမှာလက်ဝဲဆန်ပေမယ့် အချုပ်ခြာအာဏာနဲ့တိုင်းပြည်ရေးမှာ လက်ယာဆန်ပါတယ်။
နိုင်ငံရေးမှာ လစ်ဘရယ်ဆန်သော်လည်း စီးပွားရေးမှာတော့ ဆိုရှယ်ဒီမိုကရက်ဆန်ပါတယ်။
ဘာသာရေးမှာ ထေရဝါဒဖြစ်သော်လည်း လက်ရှိကတော့မဟာယနထဲကရုန်းမထွက်နိုင်သေးပါဘူး။
စာပေမှာတော့ ဂန္တ၀င်တွေကိုအရိုးထိအောင်ရူးနေမယ့် ပိုစ့်မော်ဒန်ကိုတော့ချဉ်ခြင်းတတ်ရင်တတ်သလိုလေ့လာမိပါတယ်။
Comments