Game of thronesမှအတွေးများ
- Thoth
- Nov 16, 2020
- 1 min read

GOT season 8 epi5မှာ Danyက King landingကိုမီးလောင်တိုက်သွင်းတာနဲ့ပတ်သက်ပြီးအမျိုးမျိုးပြောကြတယ်။ တစ်ကယ်တော့ဘာကြောင့်မီးလောင်တိုက်သွင်းလဲရှင်းပါတယ် သူ့အနားမှာသူယုံကြည်ရတဲ့သူတစ်ယောက်မှမရှိတော့လို့ဖြစ်တယ်။ Danyအနေနဲ့ကြည့်ရင် သူအယုံကြည်ဆုံးJonတောင်သူ့ဘေးနားမှာမရှိတော့ဖူး။ ဘယ်လောက်ထိဆုံးရှူံးမှူတွေများများdanyအနေနဲ့သူ့ဘေးနားမှာJonတစ်ယောက်ဘဲရှိရင်တောင် mad queenဖြစ်စရာအကြောင်းမရှိပါဖူး။ (တစ်ရာဖိုးသုံးပုဒ်အရပြောရရင်) လူတစ်ယောက်ဟာဘယ်လောက်ဆုံးရှူံးမှူတွေများများ သူ့ဘေးနားမှာသူချစ်ခင်ယုံကြည်ရတဲ့လူတစ်ယောက်ရှိရင် ပြသာနာတွေကိုရင်ဆိုင်ဖိူ့အသင့်ပါပဲ။ ဒါပေမဲ့ဒုက္ခရောက်နေတဲ့အချိန် ကိုယ့်ဘေးနားမှာကိုယ်ချစ်ခင်ယုံကြည်ရတဲ့လူတွေမရှိတာဟာ အဆိုးတကာ့အဆိုးဆုံးစိတ်ထွက်ပေါက်တွေဆီကိုဦးတည်ပါတယ်။ ဒါကြောင့် danyဘာလို့ king landingကိုမီးလောင်တိုက်သွင်းတယ်ဆိုတာလက်ခံလို့ရပါတယ်။
ဒုတိယတစ်ပိုင်းအနေနဲ့ စစ်ပွဲပါပဲ
Dany king Landingကိုမီးရှိူ့တုန်းက အပြစ်မဲ့ပြည်သူတွေသေတာနဲ့ပတ်သတ်ပြီး danyလွန်တယ်လို့ပြောကြတယ်။ ဒါပေမဲ့ စကားပုံတစ်ခုရှိတယ်။ "အချစ်နဲ့စစ်မှာ မတရားတာမရှိဖူးတဲ့" အဲ့စကားပုံဟာမှန်ပါတယ်။ စစ်ပွဲတိုင်းဟာဘာကြောင့်ဖြစ်ဖြစ် ဘယ်သူ့ဘက်ကတော့မှန်တယ် ဘယ်သူ့ဘက်ကတော့မှားတယ်ဆိုတာမရှိပါဖူ။း အမှန်တရားဆိုတာသမိုင်းပေါ်မှာမူတည်ပြီးပေါက်ဖွားလာတာဖြစ်တယ်။ အဲ့သမိုင်းဆိုတဲ့အရာကလည်းဘဲ အနိုင်ရသူတွေ အောင်နိုင်သူတွေသာရေးထိုးနိုင်တာ။ တစ်နည်းအားဖြင့် စစ်နိုင်သူတွေပေါ့။ ဒါကြောင့်အမှန်တရားဟာ အောင်နိုင်ခြင်းဆိုတဲ့အရာနဲ့တိုက်ရိုက်အချိုးကျဆက်နွယ်နေတယ်။ ဥပမာ - ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ယုတ်မာရက်စက်မှူတွေဟာ လူတွေအော့နှလုံးနာစရာအဖြစ်သမိုင်းမှာကျန်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အေးကာလအတွင်းကဖြစ်ပွားခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲတွေ ကိုးရီးယားကျွန်းစွယ်စစ်ပွဲအတွင်းဓာတုလက်နက်တွေသုံးစွဲပြီးတိုက်ခိုက်ခဲ့တဲ့ အမေရိကန်တွေရဲ့ယုတ်မာမှူတွေဟာ နာဇီတွေထက်မပိုဖူးဆိုရင်တောင် နာဇီတွေရက်စက်သလောက်နီးပါးရက်စက်ခဲ့ကြတာပါပဲ။ ဒါပေမဲ့သမိုင်းဆိုတဲ့အရာဟာအောင်နိုင်သူတွေရေးတာဖြစ်တာကြောင့် မဟာမိတ်တွေရဲ့ရက်စက်မှူတွေကိုဖုံးထားပြီး နာဇီတွေရဲ့ယုတ်မာမှူသာသမိုင်းမှာကွက်ကွက်ကွင်းကွင်းပေါ်နေတာပါ။ ဒါကြောင့်လည်း GOTထဲမှာ Danyရဲ့လုပ်ရပ်ဟာ ရက်စက်လှတယ်ပြောလို့မရပါဖူး။

တတိယတစ်ချက်တော့ စစ်ရဲ့ဆိုးမွေပါဘဲ
Danyတို့ စစ်တပ်ကြီးတွေ King Landingကိုဝင်တိုက်တော့ ပြည်သူတွေ အပြစ်မဲ့စွာအသတ်ခံရတာတွေ မုဒိန်းကျင်ခံရတာတွေတွေ့ရတယ်။ အဲ့ဒီအရာတွေကတော့ စစ်(war)ဆိုတဲ့အရာနဲ့တစ်ခါတည်းတွဲပါလာတဲ့ စစ်ရဲ့ဆိုးမွေ တစ်နည်းအားဖြင့် စစ်ရဲ့အနိဌာရုံတွေပါ။ ဒါကြောင့်ကမ္ဘာပေါ်မှာဘယ်လောက်အဆင့်တန်းမီမီ ဘယ်လောက်ထိလူ့အခွင့်ရေးကိုလေးစားပါတယ်ဆိုတဲ့စစ်တပ်ကြီးပါလို့ပြောပြော စစ်ဆိုတဲ့အရာဖြစ်ပြီဆိုတာနဲ့စစ်ရဲ့အနိဌာရုံတွေပါတစ်ခါတည်းပါလာကြတာဟာဓမ္မတာပါပဲ။ တစ်နည်းအားဖြင့် ဒုတိယကမ္ဘာစစ်ကိုကြည့်လိုက်ရင် - နာဇီတွေ စတာလင်ဂရက်ကိုချီတတ်တုန်းကလည်း လမ်းတစ်လျှောက်အပြစ်မဲ့ရှရှားပြည်သူတွေကိုလူသတ်မုဒိန်းကျင့်တွေလုပ်ခဲ့ကြသလို စစ်နိုင်ဆိုဗီယက်ယူနီယမ်ရဲ့တပ်နီတပ်တွေ ဘာလင်ကိုချီတတ်တဲ့အခါမှာလည်း ဂျာမန်ပြည်သူတွေကို လူသတ်မုဒိန်းကျင့်လုပ်ရပ်တွေကျူးလွန်ခဲ့ကြတာပါပဲ။ ဒါကြောင့်တရားမျှတမှူဟာ စစ်တိုက်ပြီးရှာဖွေလို့မရပါဖူး။

ဒါကြောင့် GOT ep5ကို entertainmentsဘက်ကနေကြည့်ရင် လိုအပ်ချက်တွေတချို့ကြောင့်ratingတွေကျနေပေမယ့်လည်း တခြားရှူထောင့်တစ်ခုကနေပြောင်းကြည့်ရင် GOTဆိုတဲ့အတိုင်း the bestဖြစ်နေတုန်းပါဘဲ.........
Comments