top of page

ဧရာ၀တီ

  • Writer: Thoth
    Thoth
  • Jan 26, 2021
  • 1 min read


ကျွန်တော်တို့ရဲ့ 2015ရွေးကောက်ပွဲမှာ NLDဟာကတိကဝတ်သုံးခုနဲ့အတူ ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ အဲ့ကတိကတိကဝတ်သုံးခုက

1.ငြိမ်းချမ်းရေး

2.ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

3.မြစ်စုံကိစ္စစုံစမ်းဖော်ထုတ်ရေး

NLDဟာ အာဏာရအစိုးရဖြစ်လာတဲ့အချိန်မှာ ဒီကတိတကဝတ်သုံးခုလုံးကိုလုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့သုံးခုလုံး အောင်မြင်မှူမရခဲ့ပါဘူး။ အဲ့ထဲကမှ

အခုတလော အရမ်းhotနေတဲ့ မြစ်ဆုံကိစ္စကိုပြောချင်ပါတယ်။ ဒီမြစ်စုံကိစ္စဟာ နအဖစစ်အစိုးရလက်ထက်ကတည်းက သဘောတူလက်ခံခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ NLDဟာရွေးကောက်ပွဲဝင်ပြိုင်ချိန်မှာ မြစ်စုံကိစ္စကို ပွင့်လင်းမြင်သာမှူရှိအောင် လူထုကိုချပြမယ်လို့ကတိကဝတ်ပြုခဲ့တယ်။ တစ်ကယ်လည်းအာဏာရလာတဲ့အခါ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး မြစ်စုံကိစ္စကိုစုံစမ်းခဲ့တယ်။ ဒါပေမဲ့ရရှိလာတဲ့အဖြေတွေကိုတော့ ပြည်သူကိုချမပြနိုင်ခဲ့ဘူး။ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် စာချုပ်ထဲမှာ တော်တော်လေးကိုထိလွယ်ရှလွယ်ဖြစ်မယ့် အချက်တွေကို ထည့်သွင်းချုပ်ဆိုထားမှန်းသိသာပါတယ်။ ပြီးခဲ့တဲ့သုံးလလောက်က မြစ်ဆုံစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာအပြီး လူထူကဘာတွေများပွင့်လင်းမြင်သာမှူရှိမလဲဆိုပြီး အစီရင်ခံစာစောင့်နေတဲ့အချိန် လွှတ်တော်ထဲမှာ ခြေဥပြင်ဆင်ရေးကို ချက်ချင်းထလုပ်ပြီး လူထုကိုမျက်စိလည် အာရုံပြောင်းအောင် လုပ်ပစ်တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ခုချိန်မှာဆိုရင်တော့ လူထုကမြစ်ဆုံကိစ္စကို ပွင့်ပွင့်လင်းလင်း ချပြဖို့အင်တိုက်အားတိုက်တောင်းဆိုနေကြပါပြီ။


တစ်ဖက်က တရုတ်အစိုးရရဲ့ရပ်တည်ချက်ကိုကြည့်ကြည့်ရအောင် တရုတ်အစိုးရဟာ ကြောင်ဖြူတာ မဲတာအရေးမကြီးဖူး ကြွတ်ခုတ်တတ်ဖို့ဘဲလိုတယ်ဆိုပြီး စီးပွားရေးကိုတွင်တွင်ကျယ်ကျယ်လုပ်လာခဲ့ပါတယ်။တရုတ်အစိုးရ ရှိးကျင့်ဖျင်ဟာ တရုတ်ပြည်ရဲ့မဟာဗျူဟာမြောက်စီမံကိန်းတွေကို အာဖရိကတလွှား အာရှတလွှားမှာ ရေရှည်စီမံချက်တွေထားပြီးလုပ်ခဲ့တယ်။ အဲ့ထဲကမှ မြစ်ဆုံစီမံကိန်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နောက်ပြီးရှိကျင့်ဖျင်ဟာ တရုတ်အမျိုးသားအကျိုးစီးပွားကိုကာကွယ်မယ်ဆိုပြီး တရုတ်ပြည်သူတွေကို ကတိပြုထားခဲ့တယ်။ အဲ့ဒီအချိန်မှာဘဲ မြန်မာအစိုးရက မြစ်ဆုံကိစ္စရပ်ဆိုင်းပေးဖို့တောင်းဆိုလိုက်တာဟာ ရှီးကျင့်ဖျင်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မယ်ဆိုတဲ့ကတိကဝတ်ကိုထိခိုက်စေပြီး တရုတ်ပြည်သူတွေရဲ့ ဝေဖန်တိုက်ခိုက်မှူတွေကိုခံရနိုင်ပါတယ်။ ရှိကျင့်ဖျင်ကတော့ သူ့ရဲ့ဂုဏ်သိက္ခာကိုအထိအခိုက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရကို အရမ်းဖိအားပေးရပ်ဆိုင်းတာမျိုးရှောင်ရှားသင့်ပါတယ်။ နောက်ဆုံးကယ်ပေါက်တစ်ခုအနေနဲ့ မြစ်ဆုံစီမံကိန်းကြီးကိုဆောက်လုပ်လိုက်ပြီဆိုကြည့်ရအောင် အဲ့လိုဆောက်လုပ်လိုက်မယ်ဆိုရင်တောင် ရလာတဲ့လျှပ်စစ်ရဲ့ ၆ပုံ၁ပုံလောက်ကိုသာမြန်မာပြည်ကရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်ဆောက်လုပ်မယ်ဆိုတာက အဖြေမဟုတ်သလို NLDအစိုးရဟာလည်း သမိုင်းတရားခံ အဖြစ်ခံမှာမဟုတ်ပါဘူး။


ဧရာဝတီမြစ်ကြီးဟာ ဦးငှက်ရဲ့သီချင်းထဲကလို ရာဇဝင်ဟောင်းရဲ့ သင်္ချ ိုင်းရာတစ်ခုဖြစ်ပါတယ်။ ဒီဧရာဝတီကြီးဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အတိတ်သမိုင်းကြောင်းတွေ ယဉ်ကျေးမှူတွေ ပျေ်ာဝင်စီးဆင်းရာအရပ်ဖြစ်ပါတယ်။ ဒါကြောင့်ဧရာဝတီကိုကာကွယ်တာဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားအမွေအနှစ်တွေကိုကာကွယ်ရာရောက်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့မျိုးဆက်ဟာ ဧရာဝတီကိုမကာကွယ်နိုင်ခဲ့ဖူးဆိုရင် နှောင်းလူတို့ရဲ့လက်ညိုးထိုးအပြစ်တင်စရာ မျိုးဆက်တစ်ခုအဖြစ် သမိုင်းတွင်နေလိမ့်ပါမယ်.............

留言


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page