စော်ကားခွင့်နဲ့ဝေဖန်ခွင့်
- Thoth
- Oct 24, 2020
- 1 min read

“လူတစ်ယောက်သည် အခြားလူတစ်ယောက်၏လုပ်ပိုင်ခွင့်များကို မှန်တယ် မှားတယ် ထိုင်ပြောခြင်းသည်အခြေခံလူ့အခွင့်အရေးကိုထိပါးစော်ကားရာရောက်၏။ သို့သော်....”
လူတစ်ယောက်ဟာ သူကြိုက်တာသူလုပ်မယ် သူကြိုက်တဲ့စာသူဖတ်မယ် သူကြိုက်တဲ့musicသူနားထောင်မယ် သူယုံကြည်ရာကိုသူကိုးကွယ်မယ်.... အဲ့ဒီကိစ္စမှာ ဟိုဟာလုပ်ရင်တော့သောက်ပေါ ဒီဟာလုပ်ရင်တော့ညဏ်မမှီတာ ဘာညာ ဘေးနားကနေ အာဝါးဒါးလာပွားနေတာမျိုးက အခြားလူတစ်ယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်ကို ထိပါးတယ်ဆိုတာထက် ချိုးနှိမ်ရာရောက်တယ် ဒါကအမြင်တစ်မျိုး....နောက်အမြင်တစ်မျိုးကျတော့ အတုနဲ့အစစ် အမှားနဲ့အမှန်ကိုခွဲခြားပေးဖို့လိုတယ် ဒါကြောင့် မှားရင်မှားတယ် မှန်ရင်မှန်တယ်ဝေဖန်ဖို့လိုတယ် လောကကြီးပျက်စီးနေရတဲ့အကြောင်းက အမှန်ကိုသိတဲ့လူတွေက အမှားတွေကိုတိုက်ဖျက်ရမယ့်အစား မသိချင်ယောင်ဆောင်နေလို့ဆိုတဲ့ စကားလိုမျိုး........ ကျွန်တော်ကတော့ အဲ့အမြင်နှစ်ခုစလုံးလက်ခံတယ် ဒါပေမဲ့ ဘယ်ဟာကပိုမှန်လဲဆိုတာရယ် ဘယ်အခြေအနေမှာဘယ်ဟာကဖြစ်သင့်တယ်ဆိုတာကတော့ စဉ်းစားရခက်တယ်
Comments