top of page

ထား

  • Writer: Thoth
    Thoth
  • Oct 24, 2020
  • 1 min read

Updated: Oct 25, 2020

ခန့်မှန်၍မရနိုင်သော မမထား




မမထား..... မတွေ့ခဲ့ကြရင်ဖြင့်အကောင်းသား မမထားရယ် အခုတော့ ကျွန်တော့်တစ်သက်လုံး မသေမချင်း ဒီပြသာနာကြီးကို ရင်ခွင်မှာပိုက်ပြီး အဖြေရှာမရဘဲနဲ့ ဘ၀ခရီးဆုံးအောင် လျှောက်ရပါတော့မယ် မမထား....

ကျွန်တော်နှင့်ဇာတ်ကောင်မမထား

မမထားရယ် မမထားဟာ ဘယ်လိုမိန်းမမျိုးပါလိမ့် ကျွန်တော့်ရဲ့စည်းစိမ်ဥစ္စာ‌တွေကိုလိုချင်လို့ချစ်ခဲ့တာလား။ ဒါမှမဟုတ် ကျွန်တော့်ကိုတစ်ကယ်ချစ်ခဲ့တာလား။ ကျွန်တော်တော့ တစ်သက်လုံးဒီသံယစိတ်ကြီးနဲ့ သနားစိတ်ကို သေတဲ့အထိအတူယူဆောင်သွားရလိမ့်တော့မယ်ထင်ပါရဲ့မမထားရယ်။ ဒီစကားလုံးတွေဟာ စာအုပ်ထဲမှာမပါပေမယ့် ဒီစာအုပ်ကြီးဖတ်ပြီးတဲ့အချိန် ကျွန်တော့်နားမှာ ဇာတ်ကောင်မောင်၀ဏ္ဏက လာပြီးပြောနေသလိုခံစား‌နေရတဲ့ စကားလုံးတွေပါ။


ဒီ "ထား"ဆိုတဲ့၀တ္ထုဟာ ဆရာတင့်တယ်ကရုပ်ရှင်ရိုက်ဖို့အတွက်ရေးသားခဲ့တဲ့ ၀တ္ထုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ၀တ္ထုဟာ ဆရာတင့်တယ်ရဲ့မူရင်း၀တ္ထုမဟုတ်ဘဲ Daphne Du Maurierရဲ့ "My Cousin Rachel"ကိုမှီးကာ "ထား"ဆိုပြီးရေးသားခဲ့တာဖြစ်တယ်။ ဒီ၀တ္ထုမှာ ဇာတ်ကောင်တွေများများစားစား မပါတဲ့အပြင် စကားပြောခန်းဟာလည်း ၀တ္ထုဖွဲ့စည်းပုံနဲ့ကြည့်ရင် အတန်ငယ် နည်းနေတာကိုတွေ့ရလိမ့်မယ်။ သို့သော် ၀တ္ထုကိုဖတ်လိုက်တဲ့အခါ စဉ်းစားစရာတွေတစ်ဖွားဖွားနဲ့ တစ်ကယ့်ကို လက်ကမချချင်အောင် စိတ်၀င်စားစရာကောင်းတဲ့ ၀တ္ထုတစ်ခုပါ။ ၀တ္ထုကြီးဖတ်လို့ပြီးဆုံးသွားသည့်တိုင် စဉ်းစားစရာအဖြစ်အပျက်တွေဟာခေါင်းထဲမှာ စွဲကျန်စေတဲ့အထိဖြစ်စေပါတယ်။


စာအုပ်ကြီးအစကနေ အဆုံး မမထားဟာ ဘယ်လိုလူစားမျိုးလဲ သိချင်ဇောနဲ့ စာအုပ်ကိုနှစ်ရက်အတွင်း အပြီးဖတ်ခဲ့မိတယ်။ ဒါပေမဲ့ ဇာတ်လမ်းပြီးဆုံးသွားသည့်တိုင် မမထားဟာဘယ်လိုလူစားမျိုးလဲ စာဖတ်သူကျွန်တော်ကိုယ်တိုင်မသိခဲ့ဖူး။ မမထားဟာ အမျိုးမျိုးဖြစ်နိုင်တယ် တစ်ကယ့်ကိုသနားကြင်နာစိတ်အပြည့်နဲ့ ပြုစုစောင့်ရှောက်တတ်တဲ့ မမထား ဖြစ်နိုင်သလို မောင်၀ဏ္ဏရဲ့ စည်းစိမ်ဥစ္စာတွေကို အမှည့်ခြွေမယ့် မိန်းမလည်သိန်းကြွယ် အို ကုန်ကုန်ပြောမယ် ပိုင်းလုံးမကြီး မမထားလည်းဖြစ်နိုင်တယ်။


"မမထား..... မတွေ့ခဲ့ကြရင်ဖြင့်အကောင်းသား မမထားရယ် အခုတော့ ကျွန်တော့်တစ်သက်လုံး မသေမချင်း ဒီပြသာနာကြီးကို ရင်ခွင်မှာပိုက်ပြီး အဖြေရှာမရဘဲနဲ့ ဘ၀ခရီးဆုံးအောင် လျှောက်ရပါတော့မယ် မမထား...."

လျှို့ဝှက်ချက်တွေများလွန်းတဲ့ မမထားဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ဒီကမ္ဘာမှာ မမထားကလွဲရင် ကျွန်တော်တို့စာဖတ်သူတွေရော မောင်၀ဏ္ဏရောသိနိုင်မယ် မထင်ဖူး မမထား..........



စာရေးဆရာ - တင့်တယ်

Comentarios


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page