top of page

ဂန္တ၀င်မမ

  • Writer: Thoth
    Thoth
  • Oct 31, 2020
  • 1 min read

Updated: Nov 21, 2020


ree

မမရေ... မမရေ... မမရေ... ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။‌ သွေးရူးသွေးတန်း ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ အကြိမ်တစ်ရာရှိပါပြီ မဟာစကြာ၀ဠာတစ်ခုလုံး နပိုလီယံကလွဲပြီး လူသားအားလုံး စစ်ကိုမုန်းသလို သဘောတူကြတယ် ဟုတ်တယ်၊ ဒါဖျားနေသူရဲ့ အသံပါပဲ။



Review

ဆရာအောင်ချိမ့်ရဲ့ "ဂန္တ၀င်မမ"ကို မမအဘိဓမ္မာလက်စွဲကျမ်းလို့သတ်မှတ်မယ်ဆိုရင်၊ ဆရာတင့်တယ်ရဲ့ "မမထား"ကိုလည်း မမဋီကာလို့သတ်မှတ်ပြီး၊ ဆရာမြသန်းတင့်ရဲ့ "မမ"ကိုတော့ အနုပဋိလောမဆိုင်ရာမမရုပ်ဝါဒလို့သာသတ်မှတ်လိုက်ချင်တော့တယ်။အပေါ်ကကျမ်းကြီးသုံးစောင်ကိုသာဖတ်ဖူးပြီး‌မွှေမွှေနှောက်နှောက်ရှိမယ်ဆိုရင် ယေဘုယျအားဖြင့်"မမ"ကျမ်းကြေတယ်လို့ပြောလို့ရတယ်။ ဘယ်ကျမ်းတွေပဲဖတ်ဖတ်နောက်ဆုံးကျတော့ရှိရှိသမျှကျမ်းမှန်သမျှဟာ ဆရာအောင့်ချိမ်ရဲ့ "ဂန္တ၀င်မမ"မှာလာပြီးဘူတာဆိုက်ကြတာပါပဲ။ အနှစ်ချုပ်ကတော့ "အော် မမ မမ ယောက်ကျားမာနတွေကို အံတုပြနေတာ".....


မမရေ...

မမရေ...

မမရေ...

ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။‌

သွေးရူးသွေးတန်း

ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ

အကြိမ်တစ်ရာရှိပါပြီ

မဟာစကြာ၀ဠာတစ်ခုလုံး

နပိုလီယံကလွဲပြီး လူသားအားလုံး

စစ်ကိုမုန်းသလို သဘောတူကြတယ်

ဟုတ်တယ်၊ ဒါဖျားနေသူရဲ့ အသံပါပဲ။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page