top of page

ဂန္တ၀င်မမ

  • Oct 31, 2020
  • 1 min read

Updated: Nov 21, 2020



မမရေ... မမရေ... မမရေ... ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။‌ သွေးရူးသွေးတန်း ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ အကြိမ်တစ်ရာရှိပါပြီ မဟာစကြာ၀ဠာတစ်ခုလုံး နပိုလီယံကလွဲပြီး လူသားအားလုံး စစ်ကိုမုန်းသလို သဘောတူကြတယ် ဟုတ်တယ်၊ ဒါဖျားနေသူရဲ့ အသံပါပဲ။



Review

ဆရာအောင်ချိမ့်ရဲ့ "ဂန္တ၀င်မမ"ကို မမအဘိဓမ္မာလက်စွဲကျမ်းလို့သတ်မှတ်မယ်ဆိုရင်၊ ဆရာတင့်တယ်ရဲ့ "မမထား"ကိုလည်း မမဋီကာလို့သတ်မှတ်ပြီး၊ ဆရာမြသန်းတင့်ရဲ့ "မမ"ကိုတော့ အနုပဋိလောမဆိုင်ရာမမရုပ်ဝါဒလို့သာသတ်မှတ်လိုက်ချင်တော့တယ်။အပေါ်ကကျမ်းကြီးသုံးစောင်ကိုသာဖတ်ဖူးပြီး‌မွှေမွှေနှောက်နှောက်ရှိမယ်ဆိုရင် ယေဘုယျအားဖြင့်"မမ"ကျမ်းကြေတယ်လို့ပြောလို့ရတယ်။ ဘယ်ကျမ်းတွေပဲဖတ်ဖတ်နောက်ဆုံးကျတော့ရှိရှိသမျှကျမ်းမှန်သမျှဟာ ဆရာအောင့်ချိမ်ရဲ့ "ဂန္တ၀င်မမ"မှာလာပြီးဘူတာဆိုက်ကြတာပါပဲ။ အနှစ်ချုပ်ကတော့ "အော် မမ မမ ယောက်ကျားမာနတွေကို အံတုပြနေတာ".....


မမရေ...

မမရေ...

မမရေ...

ကျွန်တော့်ကို တံခါးဖွင့်ပေးပါ။‌

သွေးရူးသွေးတန်း

ကိန်းဂဏန်းတွေ ကိုင်မြှောက်ပြ

အကြိမ်တစ်ရာရှိပါပြီ

မဟာစကြာ၀ဠာတစ်ခုလုံး

နပိုလီယံကလွဲပြီး လူသားအားလုံး

စစ်ကိုမုန်းသလို သဘောတူကြတယ်

ဟုတ်တယ်၊ ဒါဖျားနေသူရဲ့ အသံပါပဲ။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page