top of page

မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ

  • Oct 27, 2020
  • 1 min read


သို့ ချစ်ခဲ့ရပါသော မကြည်ပြာ........ခင်ဗျားဟာတစ်ခြားလူတစ်ယောက်ရဲ့ ခံစားချက်တွေ၊ နှလုံးသားတွေအပေါ် သိပ်အနိုင်ယူတတ်တဲ့ လူတစ်ယောက်ပဲလို့စာဖတ်သူတွေကမှတ်ချက်ပြုရင်......

Book Review



သို့ ချစ်ခဲ့ရပါသော မကြည်ပြာ...... ခင်ဗျားဟာတစ်ခြားလူတစ်ယောက်ရဲ့ ခံစားချက်တွေ၊ နှလုံးသားတွေအပေါ် သိပ်အနိုင်ယူတတ်တဲ့ လူတစ်ယောက်ပဲလို့ စာဖတ်သူတွေကမှတ်ချက်ပြုရင်


ကျွန်တော်ကတော့ သို့ ရဲ၀င်း...... ခင်ဗျားဟာသိပ်လူသားဆန်တဲ့လူ ခံစားချက်တွေကို သိပ်ရက်ရောတဲ့လူလို့သာ မှတ်ချက်ပြုချင်တယ်


ဒီထဲကတစ်ချိူ့အလွဲတွေဟာ တော်တော်လေးကိုမှမယုံနိုင်လောက်အောင် တိုက်ဆိုင်လွန်းလှတဲ့အလွဲတွေ။ တစ်ခါတစ်လေကျတော့လည်း ဆရာနီကိုရဲကိုဒီစာအုပ်မရေး ရေးဖြစ်အောင် ကံကြမ္မာကများ မကြည်ပြာနဲ့ရဲ၀င်းဆိုတဲ့သက်ရှိလူသားနှစ်ယောက်အပေါ် တမင်ကြား၀င်ပြီးကုန်းချောသွေးထိုးလေသလားလို့တောင်ထင်မိတယ်။


"သင့်ကိုယ်သင် ချစ်တတ်သည်ဟုယူဆနေလျှင်သော်လည်းကောင်း၊ သင်သည် အခြားလူတစ်ယောက်က ချစ်လာနိုင်မည့် လူတစ်ယောက်ဖြစ်လာနိုင်သည်ဟု ယူဆနေလျှင်လည်းကောင်း၊ သင်နှင့်အခြားတစ်ယောက်တို့တွေ့ဆုံကာ အချစ်ကိုနားလည်သွားနိုင်သည်ဟု ယူဆနေလျှင်သော်လည်းကောင်း......ထိုအယူအဆများအတွက်ဘာမှမရေးမိ မပြောမိစေပဲ အချိန်ကာလ၏တိကျသောဆုံးမမှုကို ခံယူဖို့သင့်သည်။"

ထိုစာပိုဒ်သည် အချစ်ကြီးသော အစွဲအလမ်းကြီးသော လူများအတွက် လမ်းညွှန်ထားသော အကြောင်းအရာတစ်ခုဖြစ်သည်။ အချိန်ကာလတစ်ခုသည် ရဲ၀င်းအားကုစားသွား၏ မကြည်ပြာအားခွင့်လွှတ်သွား၏။


ဆရာနီကိုရဲရဲ့စာအုပ်တွေဟာ ကျွန်တော့်အတွက်ရယ်စရာမောစရာကောင်းသောအကြောင်းအရာများဖြစ်တယ်။ တစ်ခါတစ်လေကျတော့အားရပါးရရယ်ချလိုကိမယ် တစ်ခါတစ်လေကျတော့လည်း ရယ်ရင်းရယ်ရင်းရင်မောရတယ်။ ရယ်စရာရဲ့နောက်မှာမောစရာပါတဲ့အတွက်အကြောင့် တစ်ချို့အကြောင်းအရာများသည် ဖတ်ရင်းဖတ်ရင်း ရင်မောရသည်။ မကြည်ပြာနှင့်ချစ်ခြင်း၏နဂတ္တများဆိုသည့်စာအုပ်တွင် အကြောင်းအရာတိုင်းလိုလိုက မောစရာဖြစ်သည်။ ၀တ္ထု၏အစတွင်ပင်လျှင် ရဲ၀င်းတစ်ယောက်သည် မွေးရာပါပြင်၍မရနိုင်သောသူ၏အရပ် ငါးပေသာသာကြောင့်ရင်မောရသည်။ ဤစာအုပ်သည် happy endingမဖြစ် သို့သော် happy brokenဖြစ်သည်။


စာအုပ်ဖတ်ပြီးတဲ့အခါ တစ်ချို့ကလည်း မကြည်ပြာကို အပြစ်တင်နေလိမ့်မယ် တစ်ချို့ကလည်းရဲ၀င်းဆိုတဲ့လူကို အားမလိုအားမရဖြစ်မိနေလိမ့်မယ်။ ကျွန်တော်ကတော့သူတို့နှစ်ယောက်လုံးကိုအပြစ်မတင်ရက် ကံကြမ္မာကိုသာအပြစ်တင်နေမိတော့တယ်။ တစ်ပါးသူရဲ့ခံစားချက်တွေကို အနိုင်ယူလိုစိတ်နဲ့ဆော့ကစားနေတတ်တဲ့ မကြည်ပြာအပေါ်မှာလည်းအပြစ်မရှိ၊ အရပ်ကလေးငါးပေလောက်သာရှိပေမယ့် ချစ်သူအပေါ်မှာတော့အလွဲတွေအင်မတန်မြင့်မားလွန်းလှတဲ့ရဲ၀င်းမှာလည်းအပြစ်မရှိ။ တစ်ကယ်ဆို သူတို့နှစ်ယောက်အား ‌မ‌တွေ့တွေ့အောင်ဖန်တီးပေးလိုက်သော ကြံမ္မာ၏လွဲမှားမှုသာဖြစ်သည်။ ကံကြမ္မာရယ်ခင်ဗျားရဲ့လွဲမှားမှုကြောင့် မကြည်ပြာနှင့်ရဲ၀င်းတို့ဒုက္ခရောက်လိုက်သည့်ဖြစ်ခြင်း.............


သို့ ချစ်ခဲ့ရပါသော မကြည်ပြာ......


စာရေးဆရာ - နီကိုရဲ

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page