ချစ်အဏ္ဏဝါဘွေ
- Thoth
- Oct 23, 2020
- 1 min read
Updated: Nov 16, 2020

“ချစ်အဏ္ဏဝါဘွေ"ဝတ္ထုထဲမှာတော့ မိန်းမသားတစ်ယောက်အနေနဲ့လူမှူပတ်ဝန်းကျင်မှာ တွေ့ကြုံခံစားရတတ်တဲ့လှူမှူရေးပြသာနာတွေကို "ချစ်ချစ်"ဆိုတဲ့ဇာတ်ကောင်အနေနဲ့ အနုပညာရသမြောက်အောင်....”
Book Review
ချစ်အဏ္ဏဝါဘွေဟာ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ လက်ရာမြောက်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဝတ္ထုဟာ "မြိုင်"ဝတ္ထုလိုပဲ ဆရာကြီးရန်ကုန်အကျဉ်းထောင်အတွင်းကျရောက်နေတဲ့အချိန်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဆရာကြီးရေးသားတဲ့ဝတ္ထုတွေထဲမှာအမြဲတမ်းလိုလို သူရဲ့နိုင်ငံရေးခံယူချက်တွေကို ပါးပါးလေးထည့်သွင်းဖော်ပြတတ်လေ့ရှိတယ်။ ဥပမာ မြိုင်ဝတ္ထုထဲမှာဆိုရင် မြိုင်ဆိုတဲ့ဇာတ်ကောင်နဲ့လူတန်းစားအမြင်ကိုဖော်ကျူးပြီး ကိုတင်ဦးဆိုတဲ့ဇာတ်ကောင်နဲ့နိုင်ငံရေးခံယူချက်တွေကိုတင်ပြခဲ့တယ်။ ဒါပေမဲ့ ဒီ"ချစ်အဏ္ဏဝါဘွေ"ဝတ္ထုထဲမှာတော့ မိန်းမသားတစ်ယောက်အနေနဲ့လူမှူပတ်ဝန်းကျင်မှာ တွေ့ကြုံခံစားရတတ်တဲ့လှူမှူရေးပြသာနာတွေကို "ချစ်ချစ်"ဆိုတဲ့ဇာတ်ကောင်အနေနဲ့ အနုပညာရသမြောက်အောင်ဖော်ကျူးတင်ပြထားတာကိုတွေ့ရတယ်
ချစ်ချစ်ရဲ့အမေကတော့ ရှေးရိုးစွဲပီပီ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ လင်သားအပေါ်အားကိုးရမှာဖြစ်တဲ့အတွက် ပညာရေးထက် အိမ်ထောင်ရေးဘက်ကိုသာလျှောက်လှမ်းစေချင်ခဲ့တဲ့အချိန် ချစ်ချစ်ရဲ့ဖခင်ကတော့ပညာတတ်ပီပီ ရှေ့ရေးကိုကြိုမြင်တဲ့အတွက်ကြောင့် မိန်းကလေးတစ်ယောက်ဖြစ်ပေဖြစ်ငြားသော်လည်း အိမ်ထောင်ရေးထက် ဘဝအာမခံချက်ရှိတဲ့ပညာရေးကိုသာလျှောက်လှမ်းရန် တိုက်တွန်းပြောကြားခဲ့ပုံ။
အဖေကပညာတတ်ကြီးဖြစ်စေချင်ပေမယ့် စိတ်ကူးယဉ်အိမ်မက်ဘဝထဲက အပျိုရိုင်းလေးဖြစ်နေတာကြောင့်ပညာရေးထက် အိမ်ထောင်ရေးကိုသာရွေးချယ်ခဲ့တဲ့ ချစ်ချစ်။
စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်းမကျတဲ့ အိမ်ထောင်ရေးကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရတဲ့ ချစ်ချစ်။
လင်ကံမကောင်းရုံတင်မက သားသမီးကံပါမကောင်းခဲ့တဲ့အတွက်ကြောင့် မိအေးနှစ်ခါနာဖြစ်ခဲ့ရတဲ့ ချစ်ချစ်။
လောကဓံနဲ့ရင်ဆိုင်လာရတဲ့အချိန်တိုင်း ပြသာနာကိုဖြေရှင်းရမယ့်အစား တွေးတောငေးမောကာ ညည်းညူ ခြင်းကိုသာပြုတတ်တဲ့ ချစ်ချစ်။
ပစ္စုပန်မှာဒုက္ခတွေပြည့်နေတဲ့အခါ အမြဲတမ်းလိုလိုအတိတ်ကိုလွမ်းဆွတ်နေတတ်တဲ့ မုဆိုးမလေးချစ်ချစ်။
၁၈နှစ်အပျိုရိုင်းလေးချစ်ချစ်ကနေ ၄၀ကျော်အမယ်အိုကြီးချစ်ချစ်အထိ တွေ့ကြုံခဲ့ရတဲ့မိန်းမသားတစ်ယောက်ရဲ့ ဒုက္ခများကို အနုပညာရသမြောက်အောင်တင်ဆက်ထားတဲ့ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ရသမြောက် ဝတ္ထု ကြီးတစ်ပုဒ်ပဲဖြစ်ပါတယ်...
စာရေးဆရာ - ဗန်းမော်တင်အောင်
Comments