top of page

စစ်ဆင်ရေးဗျူဟာများ

  • Writer: Revolution 4.0
    Revolution 4.0
  • May 14, 2021
  • 1 min read

နှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့ စစ်တပ်ရဲ့ ‌စစ်ဆင်ရေးတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အများကြီးအထိနာခဲ့တာတွေရှိတယ်။ စစ်တပ်ရဲ့နာမည်ကြီးစစ်ဆင်ရေးတစ်ခုဖြစ်တဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် ပဲခူးရိုးမထဲက ဗကပရဲ့စစ်ဌာနချုပ်ကို အပြတ်ရှင်းနိုင်ခဲ့တယ်။ အဲ့ဒီအပြင် တိုင်းရင်းသား ဒေသအနှံ့အပြားမှာလည်း ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေအသုံးပြုခဲ့တယ်။ ဖြတ်‌လေးဖြတ်ဆိုတာက "ရိက္ခာဖြတ်၊လူအရင်းအမြစ်ဖြတ်၊ သတင်းအချက်အလက်ဖြတ်၊ လူထုထောက်ခံမှုဖြတ်"ဆိုပြီး ဖြစ်တယ်။ အဲ့ဒီဖြတ်လေးဖြတ်စီမံကိန်းကြောင့် ပဲခူးရိုးမထဲက ဗကပရဲ့ဗဟိုဌာနချုပ်ကျသွားတယ်။ တိုင်းရင်းသားဒေသတွေမှာဆို ဖြတ်လေးဖြတ်မလိုက်နာတဲ့ရွာတွေကို ရွာလုံးကျွတ်မီးလောင်တိုက်သွင်းခဲ့ကြတယ်။ ကိုယ်တွေလည်း ပထမတုန်းကတော့ စာအုပ်တွေထဲ ဖြတ်လေးဖြတ်စစ်ဆင်ရေးအကြောင်းတွေဖတ်ပြီး စစ်တပ်က စောက်ကျင့်မကောင်းတဲ့နေရာမှာတော့ ညဏ်ကောင်းသားဟဆိုပြီး တွေးမိသေးတယ်။ နောက်တော့မှ ဘယ်ဟုတ်မလဲ၊ မေရိကန်တွေရဲ့ ဗီယက်နမ်စစ်ပွဲအတွင်းက စစ်ဆင်ရေးကို ကော်ပီကူးထားတယ်ဆိုတာ နောက်မှ သိလိုက်ရတယ်။ တစ်ချိန်က ဒီမိုကရေစီဘိုးအေဆိုတဲ့ မေရိကန်တွေလည်း ဗီယက်နမ်စစ်မြေပြင်ပေါ်မှာ ရွာတွေကို ဖြတ်လေးဖြတ်စစ်ဆင်ရေးလုပ်ပြီး လူသတ်၊မီးရှို့၊ မုဒိန်းကျင့်လုပ်တာတွေ နည်းနည်းနောနောမှ မဟုတ်တာ။ ဒါပေမဲ့ အဲ့အချိန်တုန်းက မေရိကန်က သူကိုယ်တိုင် စည်းမဲ့ကမ်းမဲ့ရမ်းကားပြနေတော့ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေကို ခုံရုံးတင်ဖို့မေ့‌သွားသလို ဟန်ဆောင်လိုက်တယ် ထင်ပါတယ်။ နဂိုကတည်းက မကောင်းတာကိုအတတ်မြန်တဲ့ မြန်မာစစ်တပ်ကတော့ ဖြတ်လေးဖြတ်စစ်ဆင်ရေးတွေကို တိုက်ပွဲဖြစ်ရာအနီးအနားရွာတွေမှာ အများအပြားအသုံးပြုခဲ့ကြတယ်။


နောက်ထပ် စစ်တပ်ကသုံးတဲ့စစ်ဆင်ရေးက "သေနဂ်ဗျူဟာ ကျေးရွာ"စစ်ဆင်ရေး။ အဓိကအားဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးတဲ့ရွာတွေကို ပစ်မှတ်ထား စစ်ဆင်ရေးလုပ်တာဖြစ်တယ်။ ဒါကတော့ အခုချိန်ထိ စစ်တပ်ရဲ့ ကိုယ်ပိုင်စစ်ဆင်ရေးနည်းလို့တော့ သိထားရတယ်။ "သေနဂဗျူဟာ ကျေးရွာ"အဖြစ်သတ်မှတ်ခံလိုက်ရပြီဆိုရင် အဲ့ဒီရွာတွေရဲ့ ကျန်းမာရေး၊စီးပွားရေး၊လူမှုရေး၊လုံခြုံရေးအားလုံးကို စစ်တပ်ကထိန်းချုပ်လိုက်တယ်။ ရွာသားတွေက အပြင်ထွက်ခွင့်မရှိပဲ စစ်တပ်ကပေးတဲ့ရိက္ခာ၊ ဆေးဝါးနဲ့ပဲ အသက်ရှင်ရတယ်။ တိုင်းရင်းသားဒေသတွေဘက်က စိုက်ခင်းတွေရှိတော့ စိုက်ခင်းစိုက်ချင်ရင်တော့ ရွာထဲကထွက်ခွင့်ပြုတယ်၊ စိုက်ပြီး ပျိုးပြီး ပြီးဆို ရွာထဲပြန်၀င်။ သီးနှံသိမ်းချိန်ဆို သွားသိမ်း၊ပြီးရင် ပြန်လာ။ စသဖြင့် တစ်ရွာလုံးရဲ့ အ၀င်အထွက်ကို စစ်တပ်ကထိန်းချုပ်ထားတယ်။ အဲ့တာက "သေနဂ ဗျူဟာ ကျေးရွာ"စစ်ဆင်ရေးပဲ။ ဒီဘက်ခေတ် လူ့အခွင့်အရေးရှူထောင့်နဲ့ကြည့်မယ်ဆိုရင်တော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ တိုင်းရင်းသားဒေသတွေမှာတော့ ‌ဖြတ်လေးဖြတ်စစ်ဆင်ရေးရော၊ သနဂဗျူဟာ ကျေးရွာစစ်ဆင်ရေးရော မခံဖူးတဲ့ ရွာဆိုလို့ ခပ်ရှားရှားပဲ။ ဒါကြောင့်လည်း သူတို့မှာ စစ်နဲ့ပတ်သတ်ပြီး ခါးသီးတဲ့အတွေ့အကြုံတွေရှိတယ်။


နောက်တစ်ခုကတော့ လူသားဒိုင်းစစ်ဆင်ရေး

လူသားဒိုင်းစစ်ဆင်ရေးကတော့ လူမဆန်ဆုံးနဲ့ အရက်စက်ဆုံးလုပ်ရပ်ပဲ။ စစ်တပ်က တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့မထိတွေ့ခင် စစ်ကြောင်းအလိုက်ချီတတ်တဲ့နေရာမှာ လမ်းတစ်လျှောက်မှာရှိတဲ့ရွာတွေကို ပေါ်တာ‌ဆွဲပြီး ရှေ့ဆုံးကနေ လမ်းလျှောက်ခိုင်းတယ်။ ဒီတော့ တိုင်းရင်းသားတပ်တွေက စစ်တပ်ရဲ့စစ်ကြောင်းကို‌တွေ့ပါလျက်ကဲ့နဲ့ ပစ်လို့မရဘူး။ ပစ်ရင် ရှေ့ကတတ်လာတဲ့ဒေသခံတွေကို အရင်ထိမှာကိုး။ နောက် တိုင်းရင်းသားတပ်ဖွဲ့တွေ ‌မြေမြှပ်မိုင်းထောင်ထားတယ်လို့ ယူဆရတဲ့ မိုင်းကွင်းထဲရောက်ရင် ဒေသခံတွေကိုရှေ့ကနေ အရင်တတ်ခိုင်းတယ်။ ကံကောင်းတဲ့လူတွေကလည်း တစ်ကယ့်မိုင်းကွင်းထဲမှာ ရှောင်တိမ်းနိုင်ခဲ့သလို၊ ကံမကောင်းတဲ့လူတွေကျတော့လည်း မြေမြှပ်မှိုင်းနင်းမိပြီး ခြေပြတ်တဲ့လူကပြတ်၊ ‌လက်ပြတ်တဲ့လူကပြတ်၊ သေတဲ့လူကသေနဲ့ ပြောစရာစကားလုံးရှာမရနိုင်လောက်‌အောင်ရက်ရက်စက်စက်လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေ။ ဆရာပါစပ်ခူးသွပ်ရေးခဲ့တာကို သင့်လူ ဘာသာပြန်တဲ့ "အို ဘယ့် အစိမ်းတို့မြေ"စာအုပ်ထဲမှာ ဒီလိုလူသားဒိုင်းစစ်ဆင်ရေးအကြောင်းတွေပါတယ်။ ပြောရမယ်ဆိုရင် ဒါမျိုးစစ်ဆင်‌ရေးအတွေ့အကြုံတွေက ပြည်မက ဗမာတွေမှာမရှိခဲ့ဘူး။


ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ NCAထိုးပြီးနောက်ပိုင်း ဖြတ်လေးဖြတ်တို့၊ သေနဂဗျူဟာစစ်ဆင်ရေးတို့၊ လူသားမိုင်းစစ်ဆင်ရေးတို့ မရှိတော့ဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်မှာ စစ်မီးတောက်ခဲ့တုန်းက အဲ့ဒီနည်းဗျူးဟာတွေမသုံးခဲ့ကြဘူး။ ဒါကလည်း ပွင့်လင်းလာတဲ့ ခေတ်ရယ်၊စနစ်ရယ်၊ မီဒီလွတ်လပ်ခွင့်တွေရယ်ကြောင့် စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေကို အတော်လေးတားဆီးနိုင်ခဲ့တယ်။ ‌မီဒီယာတွေက လှော်လွန်းအားကြီးလို့ ရွာထဲကို လက်နက်ကြီးကျည်ကျရင်တောင် တော်တော်သတိထားနေရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ ဒါပေမဲ့ ဖြတ်လေးဖြစ်ပုံစံ တစ်စိတ်တစ်ပိုင်းတော့ ရခိုင်ပြည်ကိုလုပ်ခဲ့သေးတယ်။ ဥပမာ- အင်တာနက်ဖြတ်ပစ်လိုက်တာတို့၊ စစ်ရှောင်စခန်းကို ဘယ် NGOမှတိုက်ရိုက် လှုဒါန်းခွင့်မပေးတော့တာတို့။ နောက်ပြီး အရင်တုန်းကလို ဆိုးဆိုးဝါးဝါး လူသားဒိုင်းပုံစံမျိုးတွေလည်း ရခိုင်ပြည်မှာ မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ အခုတော့ စစ်ကောင်စီက သူရဲ့အာဏာတည်မြဲရေးအတွက် တိုင်းပြည်နဲ့ပြည်သူကို စတေးဖို့အသင့်ဖြစ်နေပြီ။ သူ့မှာ လွတ်ရာ၊လွတ်လမ်း ထွက်ပေါက်မရှိတော့တဲ့အတွက် ‌ရှေ့ကိုသာရဲရဲကြီးဆက်မိုက်မယ့်လမ်းကိုရွေးချယ်လိုက်တယ်ဆိုတာ မြင်နေရပြီ။ ဒါကြောင့် ဒီတစ်ခါတော့ မြို့တွေဘက်မှာ တိုက်ပွဲဖြစ်လာခဲ့ရင် ဒီစစ်ဆင်ရေးနည်းလမ်းတွေပြန်သုံးလာနိုင်ချေလည်း များနိုင်တယ်။ credit for photo

コメント


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page