top of page

နိုင်ငံရေး အတွေးအခေါ်

  • Writer: Revolution 4.0
    Revolution 4.0
  • May 13, 2021
  • 1 min read

ree

နိုင်ငံရေးဆိုတာအတွေးအခေါ်ဖြစ်တယ်။ အတွေးအခေါ်ဆိုတာ ကမ္ဘာကြီးရဲ့ပင်မအလယ်အူလယ်တိုင်မှာအင်အားအကြီးဆုံးနေရာက တာ၀န်ယူထားတယ်။ လူ့သမိုင်းကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တာကလည်း စစ်ပွဲတွေမဟုတ်ဘူး။ အတွေးအခေါ်တိုက်ပွဲတွေ။ ဆိုကရေးတီး၊ အရစ္စတိုတယ်၊ပလွေတို၊ ကွန်ဖြူးရှပ်၊ ဂျွန်လောဒ့်၊ ပိုက်သာဂိုးရပ်၊ ကိုပါနီးကပ်၊ ဟေဂယ်၊ ကားမစ်တို့ကစလို့ ဒီနေ့ ၂၁ရာစုမှာရှိနေတဲ့အတွေးအခေါ်ပညာရှင်တွေဟာ လူ့သမိုင်းကြီးတစ်ခုလုံးရဲ့ ပင်မရေစီးကြောင်းစနစ်တွေကို ခေတ်တိုင်း ခေတ်တိုင်းမှာ လိုသလိုပုံသွင်းခဲ့ကြပြီး အရိုင်းအစိုင်းလူအဖွဲ့အစည်း၊ တန်ခိုးရှင်ယုံကြည်တဲ့လူ့အဖွဲ့အစည်းကနေ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းအဖြစ်၊သိပ္ပံနည်းကျတဲ့လူ့အဖွဲ့အစည်းအဖြစ်၊ ပညာအခြေပြုလူ့အဖွဲ့အစည်းဖြစ်အောင် ဖန်တီးပေးခဲ့ကြတယ်။ နိုင်ငံရေးဆိုတာကလည်း အတွေးအခေါ်အရ တိုင်းပြည်ရဲ့စနစ်တွေကို လိုသလိုပုံသွင်းယူတာဖြစ်တယ်။ နိုင်ငံရေးဟာ သဏ္ဍန်အားဖြင့်လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် သူ့မှာ အားကောင်းတဲ့ အတွေးအခေါ်နဲ့စွမ်းရည်ရှိတယ်။ နိုင်ငံရေးသမားတစ်ယောက်နဲ့စစ်ရေးသမားတစ်ယောက်နဲ့ အဓိကကွာခြားချက်က နိုင်ငံရေးသမားတစ်ယောက်မှာ အနာဂတ်ကို မျှော်ကြည့်နိုင်တဲ့ visionရှိပေမယ့် စစ်ရေးသမားမှာတော့ ရေတိုကိုသာကြည့်လို့ရတဲ့ missionပဲရှိတယ်။ ဒါကြောင့် သမိုင်းမှာ အင်ပါယာအကြီးဆုံးကိုပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ စစ်ဘုရင်တွေဟာ ဘယ်တော့မှသက်စိုးရှည်လေ့မရှိကြဘူး။ စစ်ရေးကို နိုင်ငံရေးက ဦးဆောင်မှုမပေးနိုင်ရင် ဒါမှမဟုတ် စစ်ရေးက အတွေးအခေါ်ပညာရပ်အပေါ်မှာအခြေမခံထားရင် "နိုင်ရင် စစ်ဘုရင်၊ ရှူံးရင် ဓားမြဘုရင်"ဆိုတဲ့ ရလာဒ်နှစ်ခုပဲရှိတယ်။


နိုင်ငံရေးဟာ စစ်ရေးထက်ပိုပြီးအားကောင်းလေ့ရှိတာက သူ့မှာ visionဆိုတဲ့သဘောတရားရယ်၊ philosophyဆိုတဲ့ အတွေးအခေါ်သဘောတရားရယ် ပါ၀င်နေလို့ပဲ။ နိုင်ငံရေးဟာ ဘယ်လောက်ထိ အားကောင်းသလဲကို နားလည်အောင် ဥပမာပေးရရင် Game of thrones ဇာတ်ကားထဲက Tryion Lannisterတို့ Lord Varysတို့ကို နမူနာယူလို့တယ်။ တစ်ကယ်တော့ Tryionရော Varysက သူတို့မှာ ဘာစစ်တပ်မှမရှိဘူး။ သူတို့က ဘုရင်တွေဘေးနားက အတိုင်ပင်ခံသက်သက်ပဲ။ ဒါပေမဲ့ 7 Kingdomsဆိုတဲ့နိုင်ငံကြီးရဲ့ မင်းလွှဲမင်းပြောင်းကို ‌ယောက်ယပ်ခတ်အောင်လုပ်နိုင်သလို ကမ္ဘာ့အကောင်းဆုံးစစ်တပ်ကြီးနှစ်ခုဖြစ်တဲ့ Unsullied စစ်တပ်နဲ့ Dorhrakiစစ်တပ်အပြင် Dragonsသုံးကောင်ကိုပါပိုင်ဆိုင်ထားတဲ့ Daenerysကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့နိုင်တယ်။ Tryionက သူ့စစ်တပ်ကြီးခေါ်ပြီး Danerysကိုသတ်လိုက်တာမဟုတ်ဘူး။ သူ့မှာလည်းစစ်တပ်မရှိဘူး။ ဒါပေမဲ့ starkအုပ်စုကို နိုင်ငံရေးအရစည်းရုံးပြီး Daenerysကိုလုပ်ကြံသတ်ဖြတ်ခိုင်းတယ်။ တစ်နည်းအားဖြင့် Tryionက Daenerysကိုမနှစ်မြို့တဲ့ အတိုက်အခံအင်အားစုတွေကို သူ့ဘက်ပါလာအောင် တစ်စုတစည်းတည်းစည်းရုံးနိုင်ခဲ့တယ်။ ဘာစစ်တပ်မှလက်၀ယ်မရှိတဲ့ Tryionက စစ်တပ်ကြီးတွေပိုင်ဆိုင်ထားတဲ့လူကို အတွေးအခေါ်ရသတ်ပစ်လိုက်နိုင်တယ်၊ဖြုတ်ချလိုက်နိုင်တယ်။ နိုင်ငံရေးအရ အတွေးအခေါ်အားကောင်းလာပြီဆို စစ်တပ်မရှိတဲ့လူက စစ်တပ်ရှိတဲ့လူကိုတောင် သင်းသတ်ပစ်နိုင်တယ်။ ဒါပေမဲ့အတွေးအခေါ်ဆိုတာ သူ့ချည်းသက်သက်ဖြစ်လာတဲ့ ‌နတ်သုဒ္ဓါတော့မဟုတ်ဘူး။ သူ့မှာ ပညာရယ်၊အတွေ့အကြုံရယ်၊ ဝေဖန်ပိုင်းခြားနိုင်မှုရယ်၊ ညဏ်ရည်ရယ်ဆိုတဲ့ အခြေခံ အချက်လေးခုအပေါ် မှာတော့ အခြေတည်ဖို့လိုတယ်။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page