ဝံပုလွေများဖြင့်ကခုန်ခြင်း
- Revolution 4.0
- Apr 15, 2021
- 1 min read

တစ်ကယ်ဆို အခုချိန်မှာ Wifiရနေတဲ့လူတွေက မြန်မာပြည်မှာ လက်တဆုပ်စာတည်းဖြစ်တယ်။ အဲ့ဒီလိုအချိန်မှာ နာမည်ကြီး followersတွေများနေတဲ့လူတွေက သတင်းတင်ပေးလည်း အဲ့ဒီသတင်းက ခုနက wifiတပ်လက်တစ်ဆုပ်စာဆီကိုပဲ ပြန်ပျံ့မှာဖြစ်တယ်။ အဲ့ဒီလက်တဆုပ်စာကလည်း သူတို့ဘာသူတို့ နည်းအမျိုးမျိုးနဲ့သိပြီးသားတွေ။ဆရာအိမောင်ပြောသလိုပဲ တစ်ကယ်တော့ သတင်းတစ်ခုပျံ့နှံ့ဖို့ဆိုရင် စဉ်ဆက်မပြတ်ဖြန့်ဝေဖို့ပဲလိုတယ်။ followersများဖို့က အဲ့လောက်အရေးမကြီးဘူး။ မနေ့fb ပေါ်မှာပွထနေတဲ့ သောက်ရေးမပါတဲ့သတင်းတွေဘာလို့အများကြီးပြန့်နေလဲဆိုတာကြည့်ရင် followersများတဲ့လူတွေကတင်လို့မဟုတ်ဘူး။ စဉ်ဆက်မပြတ်ဖြန့်ဝေတဲ့လူတွေများလာလို့။ သဘောက လူတိုင်းကဖတ်လိုက်ရုံနဲ့မပြီးဘူး လက်ကပါယားပြီးရှဲလိုက်တာ။ အဲ့လိုနဲ့တစ်ဆင့် တစ်ဆင့်များလာရော။
တစ်ကယ်တော့ နာမည်ကြီး followersတွေထဲမှာ သတင်းတင်ပေးဖို့တင်မဟုတ်ပဲ ငွေအားလူအားနဲ့ကူညီနိုင်တဲ့လူတွေအများကြီးရှိတယ်။ အဲ့ဒီလိုလူတွေက fbပေါ်မှာသတင်းလေးတင်ပေးရုံနဲ့ အဖမ်းခံရတဲ့ကိစ္စက အခုချိန်မှာမတန်ဘူးပြောရမယ်။ ဆရာတင်မောင်သန်းပြောသလိုပဲ "ဒီမိုကရေစီတိုက်ပွဲဟာ တစ်ချီ တစ်မောင်းတည်းနဲ့ ပြီးရိုးထုံးစံမရှိဘူး။ နှစ်ကာလရှည်ချင်လည်းရှည်မယ် သို့မဟုတ် မျိုးဆက်အလိုက်တိုက်ပွဲ၀င်ရတာတောင်ဖြစ်နိုင်တယ်"။ ဒါကြောင့် ကိုယ်ရဲ့လူအင်အား၊ငွေအင်အားကို ရေရှည်တိုက်ပွဲအတွက် မဟာဗျူဟာမြောက်ချွေတာစုဆောင်းရမယ်။ ငွေအားနဲ့ကူညီနိုင်တဲ့ celebrityတွေ အနုပညာရှင်တွေအနေနဲ့ လူရှေ့မှာလူလုံးထွက်ပြတာထက် နောက်ကွယ်မှာ ငွေအားအလုံးအရင်းနဲ့ တိတ်တဆိတ်ပံ့ပိုးနေတာပိုထိရောက်တယ်။ အဓိကက fbမှာပုံမတင်လို့ ဘာမှမပြောလို့ ငါ့များဆဲလေမလားဆိုတဲ့ စိုးရိမ်စိတ်ကိုမေ့ထားရမယ်။ ဒါတွေပြီးမှ ဒီကိစ္စတွေက ပြန်ရှင်းပြလို့ရတယ်။ အခုချိန်မှာ လူတွေကခံစားချက်ပြင်းထန်နေတာကြောင့် ဦးနှောက်ကပုံမှန်အခြေအနေထက်အလုပ်လုပ်နိုင်စွမ်းလျော့နေတယ်။ အချက်အလက်တွေထက် သူတို့ကြားချင်တာ၊ဖြစ်ချင်တာကိုသာ နားထောင်နေကြတယ်၊ လုပ်ယူနေကြတယ်။ ဒါကြောင့် အခုချိန်မှာရှင်းပြနေလည်း ဘာမှထူးမှာမဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာဆက်လုပ်ရမှာပဲ။ ဒါကြောင့် ငွေအားအလုံးအရင်းနဲ့ပံ့ပိုးပေးမယ့်လူတွေ လွယ်လွယ်ကူကူအဖမ်းမခံရဖို့လိုတယ်။
တရုတ်သံတမန်ရေးရာရဲ့ သီအိုရီကိုယူသုံးရရင် "ဝံပုလွေများဖြင့်ကခုန်ခြင်း"ဆိုသလိုပဲ။ အခုတိုက်ပွဲဟာ "ဝံပုလွေတွေကြားမှာ ကခုန်ရင်း ကိုယ်တိုင်ဝံပုလွေဖြစ်လာအောင် သင်ယူရမှာဖြစ်တယ်။ ဝံပုလွေတွေကြားထဲမှာ အလွယ်တကူ ခေါင်းငုံ့ခံပေးလိုက်လို့မရဘူး"။
credit for photo
コメント