Holding Together
- Revolution 4.0

- Apr 9, 2021
- 1 min read

Holding Together ဖက်ဒရယ်စနစ်ကို ကျင့်သုံးသောနိုင်ငံများမှာ အိန္ဒိယ၊ ဘယ်ဂျီယံနှင့် စပိန်တို့ဖြစ်သည်။
ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း
Holding Togetherဖက်ဒရယ်စနစ်သည် နိုင်ငံရေးအရအားကောင်းသည့်အပြင် လူဦးရေအရလည်းအများဆုံးဖြစ်သော လူမျိုးစုတစ်ခု(သို့) လူမှုအုပ်စုတစ်ခုကဦးဆောင်၍ အခြားပြည်နယ်များကို ဖက်ဒရယ်ဖွဲ့ရန်ကမ်းလှမ်းသည့် သဘောမျိုးဖြစ်သည်။ ထိုအခါ အခြားအပြည်နယ်များက ထိုလူမှုအုပ်စု၏ကမ်းလှမ်းချက်ကိုလက်ခံပြီး ပြည်ထောင်စုစနစ်တစ်ခုကို ပူးပေါင်တည်ထောင်သည်။ Holding Togetherစနစ်တွင် ဆန့်ကျင်ဘက်နှစ်ခုအယူအဆနှစ်ခု ညှိုနှိုင်းရသည်ဆိုသည့် အခြေအနေမျိုးမရှိသည့်အပြင်၊ "ခွဲထွက်ခွင့်"ဆိုသည့် ပြည်နယ်များ၏ ခြိမ်းခြောက်မှုများလည်းမရှိပေ။ ထိုအခါ အားကောင်းသောပြည်ထောင်စုအစိုးတစ်ရပ်ပေါ်ပေါက်လာပြီး လုပ်ပိုင်ခွင့်အများစုက ပြည်နယ်အစိုးရထက် ပြည်ထောင်အစိုးရကသာ အများအပြားပိုင်ဆိုင်ထားသည်။ အစပိုင်းတွင် ဗဟိုအစိုးရမှာ ပို၍အားကောင်းမောင်းသန်ရှိပြီး၊ ပြည်နယ်အစိုးရသည်ကား လျော့တိလျော့ရဲ အစိုးရတစ်ရပ်အဖြစ်သာ တည်ရှိသည်။ သို့သော် နိုင်ငံရေးတည်ငြိမ်လာချိန်နှင့်တိုင်းပြည်ပြန်လည်ဖွံ့ဖြိုးတိုးတတ်လာလျှင်မူ ပြည်ထောင်စုအစိုးရ၏လုပ်ပိုင်ခွင့်အာဏာကိုတဖြည်းဖြည်းလျော့ကျပြီး၊ ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့်အာဏာများပိုမိုပေးတတ်လေ့ရှိသည်။
အာဏာခွဲဝေမှု
Holding Together ဖက်ဒရယ်စနစ်တွင်တည်ရှိသောအာဏာခွဲဝေမှုပိုင်းတွင် အောက်လွှတ်တော်သည် Coming Togetherနည်းတူ လူတစ်ဦးချင်းစီ၏အခြေခံအခွင့်အရေးများကို ကာကွယ်ရန် "လူတစ်ကိုယ် မဲတစ်မဲ"စနစ်သာဖြစ်သည်။ သို့သော် လူမျိုးစုလွှတ်တော်ခေါ် အထက်လွှတ်တော်တွင် ပြည်နယ်များမှ "မတူညီသော ကိုယ်စားလှယ်အရေအတွက်" ဖြင့်ဖွဲ့စည်းရသည်။ အထက်လွှတ်တော်အတွက် ပြည်နယ်များမှစေလွှတ်သော ကိုယ်စားလှယ်အရေအတွင်ကို ယင်းပြည်နယ်တွင်နေထိုင်သော လူဦးရေအချိုးအစားဖြင့် သတ်မှတ်ပြဌာန်းလေ့ရှိသည်။ ဥပမာ - ဂျာမနီတွင် လူဦးရေအများဆုံးပြည်နယ်အတွက် အထက်လွှတ်တော်တွင်ခြောက်မဲရပြီး၊ လူဦးရေအလယ်အလတ်ပြည်နယ်က လေးမဲနှင့် လူဦးရေအနည်းဆုံး ပြည်နယ်က သုံးမဲ စသဖြင့် လူဦးရေအချိုးအစားအလိုက် ကိုယ်စားပြုမှုအသီးသီးရကြသည်။ ထို့ကြောင့် Holding Together ဖက်ဒရယ်စနစ်သည် "လူတစ်ကိုယ် မဲတစ်မဲ"စနစ်နဲ့တူအောင်အနီးစပ်ဆုံးဖန်တီးထားသည့်အတွက် ဒီမိုကရေစီကိုအထောက်အကူပြုသောကြောင့် ယင်းကို "ထောက်ကူဒီမို"ဟုခေါ်ဆိုကြသည်။ Coming Togetherတွင် ပြည်နယ်တိုင်းက"တူညီသောကိုယ်စားလှယ်အရေအတွက်"ဖြင့်ဖွဲ့စည်းရသော်လည်း၊ Holding Togetherကတော့ "မတူညီသော ကိုယ်စားလှယ်အရေအတွက်"ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။
ဖွဲ့စည်းပုံ
ပြည်နယ်တိုင်းတွင် လုပ်ပိုင်ခွင့်အာဏာ ညီတူညီမျှမရှိပေ။ အထက်လွှတ်တော်တွင် လူဦးရေအချိုးအစားအရသာ ကိုယ်စားပြုမှုရရှိသောကြောင့် Holding Togetherဖက်ဒရယ်စနစ်ကို "အချိုးမညီ ဖက်ဒရယ်စနစ်" ဟုခေါ်သည်။
Holding Together ဖက်ဒရယ်စနစ်ဆိုသည်မှာ လူဦးရေအများဆုံးဖြစ်သည့်အပြင် နိုင်ငံရေးရေချိန်အရလည်းရေချိန် အမြင့်မားဆုံးဖြစ်သော လူမှုအုပ်စုတစ်ခု၏ ဦးဆောင်မှုဖြင့်ပေါ်ပေါက်လာသော ပြည်ထောင်စုတစ်ခုဖြစ်ပြီး၊ ပြည်နယ်အစိုးရထက် ပြည်ထောင်စုအစိုးရက လုပ်ပိုင်ခွင့်အာဏာပိုမိုရယူထားသော ဖွဲ့စည်းပုံစနစ်မျိုးကိုဆိုလိုသည်။ Holding Together၏ အားသာချက်များမှာ ပြည်ထောင်စုအစိုးရတွင်လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိခြင်းနှင့် အလွန်အကျွံ့ကိုယ်စားပြုမှုကြောင့် ကန့်သတ်ခံထားရနိုင်သော ဒီမိုကရေအစီအခွင့်အရေးများကို အပြည့်အ၀ရရှိနိုင်ခြင်းပင်ဖြစ်သည်။ အားနည်ချက်မှာ ပြည်နယ်အစိုးရတွင် လုပ်ပိုင့်ခွင့်အာဏာ အနည်းငယ်သာရှိပြီး၊ အားနည်းသောအစိုးရတစ်ရပ်အဖြစ်သာတည်ရှိနေလိမ့်မည်။
မြန်မာပြည်တွင် Holding Togetherကို အားသန်သော နိုင်ငံရေးအစုအဖွဲ့မှာ အစိုးရအဖွဲ့ထဲတွင် လူဦးရေအရ အများဆုံးပါ၀င်သောဗမာနိုင်ငံရေးသမားများနှင့်စစ်ဘက်ခေါင်းဆောင်များပင်ဖြစ်သည်။ သို့သော် တိုင်းရင်းသားခေါင်းဆောင်အများစုသဘောကျသည်က Coming Togetherဖြစ်သည်။ အနာဂတ်တွင် ဖက်ဒရယ်နိုင်ငံတော်ကိုတည်ဆောက်မည်ဆိုသော်လည်း လက်တွေ့တွင် တည်ဆောက်နည်း တည်ဆောက်ဟန်နဲ့ပတ်သတ်၍ Coming Together နှင့် Holding Togetherဟူ၍ ဗမာနိုင်ငံရေးသမားများနှင့်တိုင်းရင်းသားနိုင်ငံရေးသမားများကြား နိုင်ငံရေးငြင်းခုန်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြပြန်သည်။
တတိယပင်လုံညီလာခံတွင် စစ်ဘက်ခေါင်းဆောင်များက မြန်မာပြည်သည် အဂ်လိပ်မ၀င်ရောက်ခင်ကတည်းက "Holding Together"အဖြစ်စုစည်းနေထိုင်ခဲ့သည်ဖြစ်ပြီး၊ ပင်လုံစာချုပ် ချုပ်ဆိုခြင်းသည်ပင်လျှင် "ရှိပြီးသား Holding Togetherစနစ်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်"ဟု ရည်ညွှန်းပြောကြားခဲ့သည်။ သို့သော် တိုင်းရင်းသားခေါင်းဆောင်များက "မြန်မာပြည်သည် ဘယ်တော့မှ Holding Togetherအဖြစ်မရပ်တည်ခဲ့။ အဂ်လိပ်မ၀င်ခင်ကလည်း Coming Together ဖြစ်သလို၊ ပင်လုံစာချုပ် ချုပ်ဆိုခြင်းသည်လည်း Coming Togetherပင်ဖြစ်သည်"ဟု ပြောဆို ငြင်းခုန်ခဲ့ကြသည်။
ဤတွင် ဖက်ဒရယ်စနစ်ကိုအခြေခံပြီး တိုင်းပြည်တည်ဆောက်ကြမည်ဟုဆိုသော ဗမာနိုင်ငံရေးသမားများနှင့် တိုင်းရင်းသားနိုင်ငံရေးသမားများကြားတွင် Coming Togetherနှင့် Holding Togetherဆိုပြီး ထပ်မံအငြင်းပွားစရာ ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာပြန်သည်။ မြန်မာပြည်သည် ဘာဖက်ရယ်စနစ်နှင့် အကိုက်ညီဆုံးဖြစ်မည်ဆိုသည်ကို အစုအဖွဲ့တစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ယောက်ကအဆုံးအဖြတ်မပေးနိုင်။ မတူညီတဲ့အင်အားစုများအကြား နိုင်ငံရေးအရ ဆွေးနွေးငြင်းခုန်မှုကသာလျှင် အဖြေပေးနိုင်မည်ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ငါးနှစ်ကာလ အရပ်သားအစိုးရ NLDလက်ထက်တွင် ထိုငြင်းခုန်မှုနှင့်ပတ်သတ်၍ တိတိကျကျ အဖြေမထုတ်နိုင်သည်က အတော်ပင်စိတ်မကောင်းစရာကိစ္စပင်ဖြစ်သည်။ credit for photo







Comments