top of page

စစ်ဘောင်အတွက် ပေးထားချက်

  • Apr 3, 2021
  • 1 min read


မည်သို့ပင်ဆိုစေကာမူ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၀၈အခြေခံဥပဒေသည် မြန်မာပြည်၏ ပေးထားချက်တစ်ခုဖြစ်ခဲ့သည်။ ထိုပေးထားချက်ကို မြန်မာနိုင်ငံရေးသမားများ အများစုက လက်ခံခဲ့ကြသည်။ ဗမာနိုင်ငံရေးသမားများသာမက၊ တိုင်းရင်းသားနိုင်ငံရေးသမားများရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပါ ၂၀၀၈ကို မူအားဖြင့်လက်ခံခဲ့ကြသည်။ NCAဆိုသည့် ငြိမ်းချမ်းရေးစာချုပ်သည်ပင် ၂၀၀၈ကိုအခြေခံသည့်စာချုပ်တစ်ခုဖြစ်သည်။ NCAထဲတွင် ဖော်ပြထားသော အချက်တစ်ချက်မှာ ဆွေးနွေးပွဲများမှရရှိလာသောသဘောတူညီချက်များကို နောက်ဆုံးတွင် ၂၀၀၈အရဖွဲ့စည်းထားသော လွှတ်တော်တွင်အတည်ပြုချက်ရယူရန်ဆိုပြီး လမ်းညွှန်ဖော်ပြထားသည်။ ထို NCAဆိုသည့်ငြိမ်းချမ်းရေးစာချုပ်သည် တိုင်းရင်းသား EAOများဘက်မှဦးဆောင်၍ ဦးသိန်းစိန်အစိုးရထံ အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။ NCAစာချုပ်ပါ အချက်အလက်များကိုဆွေးနွေးကြတုန်းက တိုင်းရင်းသားလက်နက်ကိုင် ၁၈ဖွဲ့အထိ၀င်ရောက်ဆွေးနွေးခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့အားလုံးလုံးလိုလိုကို လွှမ်းခြုံမိသောအခင်းအကျင်းပင်ဖြစ်သည်။ ထိုအဖွဲ့များထဲတွင် ယင်းအချိန်ကအင်အားနည်းပါးသေးသော AA၊ TNLAစသည့်အဖွဲ့များလည်းပါ၀င်ခဲ့သည်။


တစ်ကယ်တမ်း NCAစာချုပ်ကိုအတည်ပြုလက်မှတ်ထိုးကြမည်ဟုဆိုသောအခါ စစ်တပ်ဘက်မှ အကြောင်းအမျိုးမျိုးပြ၍ AAနှင့်TNLAတို့ မပါ၀င်သင့်ဟုဆိုလာသည်။ ထိုအခါ AAနှင့် TNLAကိုသာ NCAစာချုပ်တွင် ပါ၀င်ခွင့်မပြုလျှင် ၎င်းတို့၏ခေါင်းကိုင်ဖခင်ဖြစ်သော KIAကပါ ဆွေးနွေးပွဲမှ နှုတ်ထွက်မည်ဟုဆိုပြီး အချေအတင်ဖြစ်လာကြသည်။ ထိုအခါ NCAဆွေးနွေးပွဲလည်း အပြတ်အပြတ်နှာခေါင်းသွေးထွက်ခဲ့ရပြီး နောက်ဆုံးတွင် လတ်မှတ်ထိုးအဖွဲ့ ၈ဖွဲ့သာကျန်ခဲ့သည်။ NLDအစိုးရလက်ထက်ရောက်လာသောအခါ နောက်ထပ် ၂ဖွဲ့ထပ်တိုးလာပြီး စုစုပေါင်း အပစ်ရပ်၁၀ဖွဲ့လက်မှတ်ထိုးနိုင်ခဲ့သည်။ သို့သော် NCAတွင်မပါ၀င်သော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIA၊ UWSA၊ KNPPတို့အနေဖြင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လတ်မှတ်မထိုးပဲ၊ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်မှာပင် လက်မှတ်ထိုးခဲ့ကြသည်။ ထိုကြောင့် ၂၀၀၈ခြေဥကိုအကြောင်းပြု၍ ဗမာနိုင်ငံရေးသမားများသာမက၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပါ အပြောင်းအလဲကိုဖော်ဆောင်ဖို့ကြိုးစားခဲ့ကြသည်။ ထိုစဉ်အခါက ၂၀၀၈ကိုမကြိုက်၍ တောခိုသွားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်များရှိသည်ဟူ၍ မကြားဖူးပေ။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ထိုအချိန်က ၂၀၀၈‌ အခြေခံဥပဒေကိုသာ တူးတူးခါးခါးငြင်းပယ်ခဲ့မည်ဆိုလျှင် တိုင်းရင်းသားများဘက်မှစတင်အဆိုပြုခဲ့သော NCAဆိုသည့်စာချုပ်ကို ဦးသိန်းစိန်အစိုးရထံသို့ မည်သည့်အခါမှ ယူဆောင်လာလိမ့်မည်မဟုတ်ချေ။


နိုင်ငံရေးသမားများအနေဖြင့် ၂၀၀၈ကိုလက်ခံခဲ့သည်မှာ ကြိုက်လွန်း၍မဟုတ်။ အပြောင်းအလဲကိုစတင်ဖို့ဆိုလျှင် ၎င်းပေးထားချက်ကို လက်ခံထားရမည်ဆိုသည့် သဘောတရားကို ယူဆမိသောကြောင့်သာလျှင်ဖြစ်သည်။ သဘောမှာ အာဏာရှင်များက တံတိုင်းကြီးတစ်ခုကာပြီး အပေါက်လေးတစ်ခုဖောက်ပေးထားပြီး ရွေးချယ်စရာနည်းလမ်းနှစ်ခုပေးထားသည်။ ပထမနည်းလမ်းမှာ နံရံကိုခေါင်းနဲ့၀င်ဆောင့်ပြီး အပြင်သို့လှမ်းနိုင်ဖို့ဖြစ်သည်။ ဒုတိယနည်းလမ်းကတော့ အာဏာရှင်ဖောက်ပေးထားသော ‌အပေါက်သေးသေးမှ မဆန့်အင်ကာတိုး၀င်ပြီး အပြင်သို့လှမ်းနိုင်ဖို့ဖြစ်သည်။ နိုင်ငံရေးသမားများအနေဖြင့် အပြင်ကိုရောက်ချင်လျှင် တံတိုင်းကြီးကို ခေါင်းဖြင့်‌ဝိုင်းဆောင့်ရမည့်သဘောတရားကို ရှောင်ဖယ်၍ ဒုတိယနည်းလမ်းဖြစ်သော အာဏာရှင်ဖောက်လုပ်ပေးထားသော အပေါက်သေးသေးလေးမှ ခေါင်းလျှိုး၀င်ခဲ့ကြသည်။ နိုင်ငံရေးသဘောအရ ၂၀၀၈ဆိုသည့်ကားစုတ်ကြီးဖြင့် မြန်မာပြည်ကိုမောင်းနှင်ခဲ့ကြသည်။ သို့သော် ထိုကားသည်သိပ်မကြာခင်အတောအတွင်းမှာပင် ကြွေမွပျက်စီးမည်ကို သူတို့တွေးထားကြ၏။ ထိုသို့ မပျက်စီးခင်အတောတွင်းမှာပင် လျှင်လျှင်မြန်မြန်ဖြင့် ကားသစ်တစ်စီးလဲနိုင်လိမ့်မည်ဟု‌ မျှော်လင့်ခဲ့ကြသည်။ သို့သော် ထင်သလိုမဖြစ်လာ ကားပေါ်တတ်စက်နှိုးပြီးသိပ်မကြာခင်မှာပင် ကားတစ်စီးလုံး ပေါက်ကွဲခဲ့ရသည်။ ‌နိုင်ငံသည်ကား သွေးအလိမ်းလိမ်း။


၂၀၀၈အခြေခံဥပဒေသည် စစ်အာဏာရှင်လမ်းစဉ်ကို ပြန်လည်အသက်သွင်းပေးခဲ့သည့် သေရွာပြန်ပတ္တမြားမျက်ရှင်တစ်လုံးဖြစ်သော်လည်း အာဏာသိမ်းလမ်းစဉ် စေ့ဆော်ပေးခဲ့သည့် သဘောတရားရေးရာများကလည်းရှိသေးသည်။ ဤသည်မှာ "အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး" သဘောတရားများပင်ဖြစ်သည်။ NLDအစိုးရအနေဖြင့် ၂၀၁၅မတိုင်ခင် အာဏာရအစိုးရမဖြစ်ခင် အတိုက်အခံပါတီဘ၀တွင် "စေ့စပ်ညှိုနှိုင်းဆွေးနွေးရေး"ဆိုသည်ကို ကျယ်ကျယ်လောင်လောင်ဆော်ဩခဲ့သည်။ ရလာဒ်အနေဖြင့် "လေးပွင့်ဆိုင် တံခါးပိတ်ဆွေးနွေးမှု"၊ "ငါးပွင့်ဆိုင်"၊ "ခြောက်ပွင့်ဆိုင်" စသည့် တံခါးပိတ်ဆွေးနွေးမှုများ အများအပြားပေါ်ပေါက်ခဲ့သည်။ ထိုအချိန်တွင် "အရပ်ဘက်-စစ်ဘက်"ဆက်ဆံရေးနှင့်ပတ်သတ်၍ အရပ်သားနိုင်ငံရေးသမားနှင့် စစ်ဘက် ဗိုလ်ချုပ်ကြီးတွေကြား မှုန်ပျပျတိုးတတ်မှုတစ်ခုတော့ ရရှိခဲ့သည်။ သို့သော်......... credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page