စစ်ဘောင်သွင်းခြင်း
- Revolution 4.0
- Apr 2, 2021
- 1 min read

ကမ္ဘာပေါ်တွင် ၁၉၆၀တစ်ဝိုက်က လွတ်လပ်ပြီးခါစ နိုင်ငံအများအပြား စစ်ဘက်အာဏာသိမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းကာလကို ပညာရှင်များက "နိုင်ငံရေးကို စစ်ဘောင်သွင်းခြင်း'ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ထိုကာလတွင်ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများကို အမျိုးအစားအားဖြင့် သုံးမျိုးခွဲခြားဖြစ်နိုင်သည်။ ပထမအမျိုးအစားကတော့ မေရိကန်ကျောထောက်နောက်ခံပြု အာဏာသိမ်းမှု၊ ဒုတိယတစ်မျိုးက ဆိုဗီယက်ကျောထောက်နောက်ခံပြု အာဏာသိမ်းမှုနှင့် တတိယတစ်မျိုးကတော့ ပြည်တွင်းစစ်အခြေပြု အာဏာသိမ်းမှုတို့ ဖြစ်သည်။ မေရိကန်ကျောထောက်နောက်ခံပေးသော အာဏာသိမ်းမှူများသည် အာရှနိုင်ငံတစ်ချို့နှင့်လက်တင်မေရိကနိုင်ငံတော်တော်များတွင် ဖြစ်ပွားခဲ့သည်။ ဆိုဗီယက်ကျောထောက်နောက်ခံ အာဏာသိမ်းမှုများကလည်း အရှေ့အလယ်ပိုင်းဥရောပနိုင်ငံတော်တော်များတွင် ဖြစ်ပွားခဲ့သည်။ သို့သော် ဆိုဗီယက်အခြေပြု အာဏာသိမ်းနိုင်ငံများသည် အာဏာကိုအတင်းအဓမ္မသိမ်းယူသည်ထက် တော်လှန်ရေးကိုတင်ပို့သော ပုံစံမျိူးဖြင့်သာ ဖြစ်ပွားခဲ့သည်။ တတိယတစ်မျိုးဖြစ်တဲ့ ပြည်တွင်းစစ်အခြေပြု အာဏာသိမ်းမှုများသည် နိုင်ငံတွင်းဖြစ်ပွားနေသော ပြည်တွင်းစစ်ပဋိပက္ခကိုအခွင့်ကောင်းယူ၍ စစ်ဖက်အာဏာသိမ်းမှုမျိုးဖြစ်သည်။ မြန်မာပြည်သည် တတိယအမျိုးအစားဖြစ်သော ပြည်တွင်းစစ်အခြေပြုအာဏာသိမ်းမှုအမျိုးအစားထဲတွင် ပါ၀င်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ရှည်ကြာလာသောအခါ စစ်တပ်တစ်ခု အားကောင်းလာတတ်သည်မှာ သဘာ၀ပင်ဖြစ်သည်။ ထိုအခါ စစ်ရေးအာဏာကလွှမ်းမိုးလာပြီး နိုင်ငံရေးအာဏာက တဖြည်းဖြည်းယိုယွင်းပျက်စီးလာသည်။ ထို့ကြောင့်လည်း ပြည်တွင်းစစ်ပွားသော နိုင်ငံအများစုက စစ်ဖက်အာဏာသိမ်းခြင်းနဲ့ ကြုံတွေ့ခဲ့ရသည်။
၁၉၇၀နောက်ပိုင်းသို့ရောက်လာသောအခါ မေရိကန်ပေါ်လစီသည် အထွေထွေကွန်မြူနစ်ဝါဒဆန့်ကျင့်ရေးမှ လူအခွင့်အရေးနှင့်ဒီမိုကရေစီဘက်သို့ ဦးတည်ပြောင်းလဲလာသည်။ ထိုအခါ မေရိကန်ကျောထောက်နောက်ခံပေးသော အာဏာသိမ်းမှုများနတ္ထိတန်လာပြီး ဒီမိုကရေစီအစိုးရများပေါ်ပေါက်လာသည်။ ၁၉၈၉ခုနှစ်တွင် ဘာလင်တံတိုင်းပြိုကျပြီး ဆိုဗီယက်ယူနီယမ် ပြိုကွဲသွားသောအခါ ဆိုဗီယက်ကျောထောက်နောက်ခံပေးထားသော အာဏာသိမ်းမှုများမှာလည်း ပြိုဆင်းသွားပြီး ဒီမိုကရေစီဘက်သို့ပြောင်းလဲလာခဲ့သည်။ ဤသို့ဖြင့် မေရိကန်ကျောက်ထောက်ပေးသော နိုင်ငံများနှင့် ဆိုဗီယက်ကျောထောက်နောက်ခံပေးနိုင်ငံများတွင် စစ်ဘက်အာဏာသိမ်းမှုများအဆုံးသတ်သွားခဲ့သည်။ သို့သော် စစ်ဘက်အာဏာသိမ်းမှုအဆုံးမသတ်နိုင်ပဲ ထီးထီးချည်းကျန်ရှိနေခဲ့သော နိုင်ငံများရှိသည်။ ထိုနိုင်ငံများမှာ ပြည်တွင်းစစ်အခြေပြုအာဏာသိမ်းနိုင်ငံများဖြစ်သည်။
၎င်းကျန်ရှိနေခဲ့သော နိုင်ငံများမှာလည်း အခြေအနေမကောင်းပေ။ စစ်ဘက်အာဏာသိမ်းမှုများသည် လူထုရဲ့ legatimcyကိုမရှိ၍ ကောင်းစွာအလုပ်လုပ်၍မရဖြစ်နေသည်။ ၁၉၆၀ခုနှစ်များကတော့ နိုင်ငံတစ်ခုရဲ့ အစိုးရဖြစ်ထိုက် မဖြစ်ထိုက်ကို legalဆိုသည့် တရား၀င်မှုတစ်ခုတည်းနဲ့သာ တိုင်းတာခဲ့ကြသည်။ တရား၀င်မှုဆိုသည်မှာ အခြေခံဥပဒေစာရွက်တွင်ရေးသားထားသော ဥပဒေကြောင်းအရ တရား၀င်မှုရှိ၊မရှိဆိုသည်ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အာဏာရှင်များကလည်း အခြေခံဥပဒေဆိုသည်ကို အလျင်းသင့်သလို ကိုယ်လိုရာဆွဲ၍ အဓိပ္ပာယ်ဖွင့် လိမ်လည်ကြလေ့ရှိသည်။ ဥပမာ - ၁၉၆၂ခုနှစ် အာဏာသိမ်းမှုနဲ့အပြင်၊ ၁၉၇၄အခြေခံဥပဒေ ပြဌာန်းရေးကိစ္စကို ထိုအချိန်က မည်သည့်နိုင်ငံမှ ကန့်ကွက် ရှုံ့ချခဲ့ခြင်းမရှိခဲ့သည့်အပြင် ယုတ်စွအဆုံး မည်သည့် VOA BBCမှလည်း အရေးတယူ ဖော်ပြခဲ့ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်အခါက အစိုးရတစ်ရပ်၏ တရား၀င်မှုကို legalတစ်ခုတည်းနဲ့သာ တိုင်းတာခဲ့ကြသောကြောင့်ဖြစ်သည်။ သို့သော် ၁၉၈၉နောက်ပိုင်းသို့ရောက်လာသောအခါ အစိုးရတစ်ရပ်၏ တရား၀င်မှုကို legalတင်မဟုတ်ပဲ legatimcyဆိုသည့် တရားနည်းလမ်းကျမှုနဲ့ပါ တိုင်းတာလာကြသည်။ Legatimcyဆိုသည်ကို တစ်နည်းအားဖြင့် public opinionဆိုသည့် လူထုအမြင်ဟုလည်း ခေါ်ဆို၍ရသည်။
ဘာလင်တံတိုင်းကိုပြိုကျသွားပြီးနောက် အစိုးရတစ်ရပ်၏ တရား၀င်မှုကို legalရော legatimcyရောနဲ့ပါတိုင်းတာဆုံးဖြတ်လာကြရာ စစ်အာဏာသိမ်းအစိုးရအားလုံးလိုလိုတွင် legatimcyချို့ယွင်းခဲ့ကြသည်။ အစိုးရတစ်ရပ်တွင် legatimcyဆိုသည့် တရားနည်းလမ်းကျမှုမရှိဟု ပြည်တွင်းပြည်သူလူထုကတွေးထင်လာသောအခါ အစိုးရဘာလုပ်လုပ် အကောင်းမမြင်။ ထိုအခါ အစိုးရယန္တားရားများ၊ မူဝါဒများမှာ ကောင်းမွန်စွာလည်ပတ်၍မရနိုင်တော့ပဲ အချိန်မရွေး Fail Stateဖြစ်သွားနိုင်သည်။ ဒါ့အပြင် ပြည်ပနိုင်ငံအသိုင်းအဝိုင်းများကလည်း အစိုးရတစ်ရပ်ကို တရား၀င်မှုကင်းမဲ့သည်ဟုသတ်မှတ်လာကြသောအခါ နိုင်ငံတကာမိသားစုက ယင်းအစိုးနဲ့ အဆက်အဆံမလုပ်ကြပဲ၊ ကျဉ်ထားလေ့ရှိသည်။ ထိုအခါ တရား၀င်မှုမရှိသော အစိုးတစ်ရပ်အနေဖြင့် ပြည်တွင်းက လူထုရဲ့အမျက်ဒေါသနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၏ ခွဲခြားဆက်ဆံအနှိမ်ခံဘ၀ဖြစ်ရသောကြောင့် "အထီးကျန် အစိုးရတစ်ရပ်"ဖြစ်ပေါ်လာသည်။
ထိုသို့သော အခြေအနေများကို ရိပ်စားမိသော အာဏာရှင်ကြီးများသည် မူလရှိနေပြီးသောအခြေအနေများမှကျော်လွှားရန် အပြောင်းအလဲတစ်ရပ်ကိုဖော်ဆောင်ဖို့ ကြိုးစားလာကြသည်။ သို့သော် ထိုသို့သော အပြောင်းအလဲမျိုးကိုဖော်ဆောင်ရာတွင်လည်း အနှစ်နှစ်အလလက ရှိနေပြီးသော လူထုဒေါသများသည် ၎င်းတို့ဘက်ဦးလှည့်လာလေမလားဆိုတဲ့ စိုးရိမ်မှုမျိုးကလည်း ရှိနေပြန်သည်။ ထိုအခါ အာဏာရှင်များအနေဖြင့် အပြောင်းအလဲကို လုပ်ဆောင်ရာတွင် အလုံးစုံဥသုံပြောင်းလဲရေးမျိုးထက် တချို့တစ်၀က်ပြောင်းလဲရေးကိုသာ မျက်စိကျလာကြသည်။ ထို့ကြောင့် ၎င်းတို့စိတ်ကြိုက်အခြေပြုရေးစွဲထားသော ဥပဒေတစ်ရပ်ဖြင့် အပြောင်းအလဲကိုစတင်ဖို့ကြိုးစားလာသည်။ ၎င်းပြောင်းလဲခြင်းမျိုးကို "ပေးထားချက်ကို အခြေပြု ပြောင်းလဲနည်း"ဟုခေါ်သည်။ ပုစ္ဆာတစ်ပုဒ်တွက်လျှင် ပေးထားချက်သည် မလွဲမသေ ထည့်မစဉ်း၍မရသော အရာတစ်ခုဖြစ်သည့်အပြင်၊ အဖြေတစ်ခုထွက်ဖို့ကလည်း ပေးထားချက်ပေါ် မှီခို၍နေရသည်။ မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ၂၀၀၈ဖွဲ့စည်းပုံသည် ပေးထားချက်အခြေပြု ပြောင်းလဲရေးဖြစ်သည်။
credit for photo
Commentaires