တစ်မြို့ထိပေးလို့ တစ်မြို့ကြွ
- Revolution 4.0
- Mar 29, 2021
- 1 min read

တစ်မြို့ထိပေးလို့ တစ်မြို့ကြွပေးတာဟာ အသုံး၀င်ရဲ့လားဆိုရင် အရှေ့ကအဖြစ်အပျက်တွေပြန်ကြည့်ရင်တော့ အသုံးမ၀င်ဘူးဆိုရမှာပဲ။
လှိုင်သာယာတို့၊ရွှေပြည်သာတို့၊စမ်းချောင်းတို့ကို ထိတုန်းကလည်း အခြားမြို့နယ်တွေက လိုက်ကြွပေးပြီး အာရုံလွှဲအောင်လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ရလာဒ်က ဘာမှပြောင်းလဲမသွားဘူး။ လှိုင်သာယာကိုထိတုန်းကဆို အင်းစိန်တို့၊သမိုင်းတို့က ရဲဘော်တွေကအများကြီး ကြိုးစားပေးခဲ့ကြတယ်။ ဒါပေမဲ့ ဘာမှထူးမလာခဲ့ဘူး။ ဘာလို့ဆို စစ်တပ်ရဲ့သဘောတရားက missionဖြစ်ပြီး၊ လူထုကရဲ့သဘောတရားက defensiveဖြစ်နေလို့ပဲ။ စစ်တပ်က ဒီမြို့နယ်ကို ငြိမ်အောင်ထိန်းရမယ်လို့ အထက်အမိန့်ရရင် သူက တစ်ခြားမြို့ဘာဖြစ်ဖြစ် ဒီတစ်မြို့တည်းကိုပဲ အာရုံစိုက်ပြီး မငြိမ်မသက်မချင်းဒီမြို့ကခွာမှာမဟုတ်ဘူး။ဘာလို့ဆို သူတို့မှာ တာ၀န်ကျေပွန်ရမယ်ဆိုတဲ့ အမိနိ့နာခံမှုရှိလို့။ လူထူကျတော့ ဆန္ဒထွက်ပြတာဟာ နယ်မြေတတ်သိမ်းတာမဟုတ်တဲ့အပြင် ရွေ့လျားချီတတ်ဆန္ဒပြတာလည်းမဟုတ်တဲ့အတွက် စစ်တပ်ကသူ့ကိုလာရောက်ဖြိုခွဲမှသာ အာရုံကတစ်ခြားမြို့နယ်ကိုပြောင်းသွားမှာဖြစ်တယ်။ စစ်တပ်ကလာရောက်မဖြိုခွဲမချင်း သူ့ဘာသူ လမ်းပေါ်ထွက်ရုံမကလို့ ဓာတ်တိုင်ပေါ်တတ်ပြီးပဲဆန္ဒပြပြ တစ်ခြားမြို့နယ်အပေါ်ရောက်နေတဲ့ စစ်တပ်ရဲ့ဒေါသတွေကို ဒီနည်းလမ်းက လမ်းကြောင်းပြောင်းမပေးနိုင်ဘူး။
ဒီနေ့အထိဖြိုခွဲမှုတွေကိုကြည့်လိုက်ရင် စစ်တပ်က ရန်ကုန်မှာရှိတဲ့ မြို့နယ်တွေကို တစ်နေ့တည်း မြို့နယ်နှစ်ခုကို ဆက်တိုက်ဖြိုတယ်ဆိုတာရှားတယ်။ တစ်နေ့ကို တစ်မြို့ချင်းစီပဲဖြိုနေတာ တွေ့ရတယ်။ သမိုင်းဆို ပထမနေ့တွေတုန်းက အေးဆေးလွှတ်ပေးထားပြီး လသယကိုဖိနိုင်မှ အေးဆေးလာဖြိုသွားတဲ့ပုံစံမျိုးတွေ့ရတယ်။ ဒီတော့ တစ်ခြားမြို့နယ်တွေကြွပေးလည်း စစ်တပ်က သူလက်ရှိသောင်းကျန်းနေတဲ့မြို့ကိုပဲ မနိုင်မချင်းမဲနေအုံးမှာဖြစ်တယ်။
နောက်တစ်ခုက ပစ်အား။ စစ်တပ်က သူ့မှာသာ လက်နက်ကျည်အပြည့်အစုံရှိရင် လူတစ်ထောင်လောက်ရှိတဲ့လူအုပ်ကို စစ်ခွေးဆယ်လောက်လောက်နဲ့ အေးဆေးထိန်းနေလို့ရတယ်။ ဘာလို့ဆို စစ်တပ်မှာကပစ်အားရှိပြီး ကိုယ်တွေမှာက ပစ်အားမရှိလို့ပဲ။ ဒီတော့ ဒီမြို့နယ်တစ်ခုကိုထိလို့ အခြားမြို့နယ်တစ်ခုကကြွပေးရင်တောင် စစ်ခွေးတွေကရှိရင်းစွဲအင်အားထဲက အချို့အ၀က်ကို အဲ့ဒီမြို့နယ်ကိုပါပို့လိုက်ရင် ဖိခံရတဲ့မြို့ရော၊ ကြွပေးရတဲ့မြို့ရောပါ ဆုံးရှုံးမှုတွေများမယ်။ ဒီတော့ တစ်မြို့နယ်ထိလို့၊တစ်မြို့နယ်ကြွပေးရင် အဆင်ပြေလိမ့်မယ်ဆိုတာဟာ မှန်လည်းမမှန်ဘူး၊ လက်တွေ့မှာလည်း အသုံးမ၀င်ခဲ့ဘူး၊ ထိရောက်တဲ့နည်းလမ်းလည်းမဟုတ်ဘူး။ credit for photo
Comments