၆၀-၁၀ သီအိုရီ
- Revolution 4.0
- Aug 1, 2021
- 1 min read

ရွေးကောက်ပွဲမတိုင်ခင် နှစ်လလောက်အလိုက ဧရာ၀တီသတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုအောင်ဇော်က မြန်မာပြည်နဲ့ပတ်သတ်ပြီး ၆၀-၁၀သီအိုရီအကြောင်း ရေးခဲ့တာမှတ်မိသေးတယ်။ ၆၀-၁၀သီအိုရီဆိုတာ မြန်မာပြည်မှာနှစ်၆၀အာဏာရှင်စနစ်ကျင့်သုံးပြီးတိုင်း နောက် ၁၀နှစ်ကျရင် ဒီမိုကရေစီစနစ်ဖြစ်သွားတယ်။ တစ်ခါ အဲ့ဒီဒီမိုကရေစီစနစ် ၁၀နှစ်ပြည့်သွားရင်လည်း နောက်တစ်ခါ အာဏာရှင်နှစ်၆၀ပြန်လာတယ်ဆိုတာကို မြန်မာပြည်သမိုင်းကိုကြည့်ပြီးတွက်ချက်ထားတာ။ သူ့စာထဲမှာတော့ အဂ်လိပ်ခေတ်ကစတယ်။ အဂ်လိပ်တွေမြန်မာပြည်ကို အုပ်ချုပ်ပြီးတော့ နှစ် ၆၀အကြာ မြန်မာပြည်မှာ ၀န်ကြီးချုပ်ဦးနုရဲ့ ပါလီမန်စနစ်နဲ့ ၁၀နှစ်အုပ်ချုပ်ခွင့်ရတယ်။ တစ်ခါ အဲ့ဒီ ပါလီမန်စနစ် ၁၀နှစ်ပြည့်သွားတဲ့အခါ စစ်တပ်က အာဏာရှင်စနစ်ကိုနည်းမျိုးစုံနဲ့အုပ်ချုပ်တဲ့ နောက်ထပ် နှစ်ပေါင်း၆၀ ပေါ်လာတယ်။ အဲ့ဒီအာဏာရှင်နှစ် ၆၀ပြီးတဲ့အခါ ၂၀၁၀ကနေ ၂၀၂၀အထိ ဒီမိုကရေစီ နောက်ထက် ၁၀နှစ်ထပ်ပေါ်လာတယ်။ အဲ့ဒီ ဒီမိုကရေစီ ၁၀နှစ်ပြည့်သွားတဲ့အခါ နောက်ထပ် အာဏာရှင်စနစ်နှစ် ၆၀လာလိမ့်မလားဆိုပြီး ခန့်မှန်းကြတာဖြစ်တယ်။ မြန်မာပြည်သမိုင်းကို ပြန်ကြည့်ရင် ၆၀-၁၀-၆၀-၁၀-? ဆိုတော့ အခုကျမယ့် ဂဏန်းက သီအိုရီအရတွက်ကြည့်ရင် နောက်ထပ် နှစ်ပေါင်း ၆၀ပဲ။ တော်တော်လေးတော့ စိတ်၀င်စားစရာကောင်းတယ်။ ကိုယ်တွေလည်း ပထမတုန်းကတော့ မဖြစ်နိုင်ပါဘူးဆိုပြီး သိပ်အလေးမထားခဲ့ဘူး။ အခုတော့ မြန်မာပြည်ကသူပြောသလိုမျိုး ဒီမိုကရေစီ ၁၀နှစ်ပြည့်တိုင်း အာဏာရှင်စနစ်ပြန်ရောက်သွားတယ်။ အာဏာရှင်စနစ် နှစ်၆၀ပြည့်တိုင်းလည်း ဒီမိုကရေစီစနစ်အသစ်ပေါ်လာတယ်။ အခုတစ်ခါတော့ အာဏာရှင်စနစ်က ဖော်မြူလာအရဆိုရင် နောက်ထပ် နှစ်၆၀ပေါ့။ ဒါပေမဲ့ လက်တွေ့မှာ အာဏာရှင်စနစ် နှစ် ၆၀မကြာရင်တောင် ဒီမိုကရေစီ ၁၀နှစ်ပြည့်သွားတော့ အာဏာရှင်စနစ်နဲ့ပြန်တွေ့ရတာပဲ။ သေချာဖတ်ကြည့်ရင်တော့ အတော်စိတ်၀င်စားစရာပဲ။
Comments