ငြိမ်းချမ်းခြင်း
- Thoth
- Oct 24, 2020
- 1 min read
Updated: Aug 3, 2021

“သဘာ၀က မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေဟာ ကောင်းကင်တစ်ခွင်လုံး မှိုင်းညို့လို့...........”
ငြိမ်းချမ်းခြင်း
သဘာ၀က မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေဟာ ကောင်းကင်တစ်ခွင်လုံး မှိုင်းညို့လို့......။
ရှေ့နားကထိန်ထိန်ညီးနေတဲ့ ရှို့မီးတွေဟာလည်း အအေးဓာတ်ကိုအံတုလို့......။
အမှောင်ထုတွေထဲ ခမ်လှမ်းလှမ်းက ဝိုးတစ်ဝါးလှမ်းမြင်နေရတဲ့ အညတရသက်ရှိများကလည်းရုန်းကုန်လှုပ်ရှားလို့.....။
ဟိုး.......အရှေ့တောင်ရိုးဆီမှာရှိတဲ့ ရွှေဝါရောင်စေတီပေါ်က တံခိုင်တိုင်ကုက္ကားဟာလည်း လေထုထဲအားမာန်အပြည့်ဖြင့်လွင့်ပျံလို့........။
သဘာ၀တရားရဲ့ပုံရိပ်တွေကို စိတ်ကူးစုတ်တံနဲ့ အလှတရားစက္ကူအပေါ်
ဆေးစက်ချကြည့်တဲ့အခါ
ငြိမ်းချမ်းခြင်းဟာ မျက်စိတစ်ဆုံးပါ.........။
Comments