မမဝါဒ
- LoveToShare
- Oct 28, 2020
- 1 min read

မာ့စ်ဝါဒကို ယုံကြည်သက်၀င်မိခဲ့ပေမယ့် မမဝါဒကိုတော့ ယုံကြက်သက်၀င်ဖို့ခက်ခဲနေခဲ့တယ်။
အနုပဋိလောမဆိုင်ရာရုပ်ဝါဒကို လေ့လာခဲ့ပေမယ့် မမရဲ့ရင်ခုန်သံတွေကို လေ့လာဖို့ကြောက်ရွံ့နေခဲ့တယ်။
သမိုင်းဆိုင်ရာရုပ်ဝါဒတွေကြောင့် သာတူညီမျှလောကနိဗ္ဗာန်ဘုံကို စိတ်ကူးယဉ်ကြည့်မိခဲ့ပေမယ့် မမနဲ့အတူရှိနေတဲ့နိဗ္ဗာန်ဘုံကို စိတ်ကူးယဉ်ဖို့မေ့နေခဲ့တယ်။
တစ်ကယ်တော့ ကျွန်တော်ဟာလေ ပစ္စည်းမဲ့လူတန်းစားအဖြစ်မှသည် နှလုံးသားမဲ့လူတန်းစားဆီသို့.......
コメント